Chapter 11

8.9K 1.1K 14
                                    

(Unicode)

"Ken, စတော်ဘယ်ရီနဲ့ ချောကလက် ဘာစားမလဲ"

XiaoZhan က ရေခဲမုန့် ၂ ခွက်ကို ယူလာရင်းနဲ့ မေးလိုက်တယ်။

"စတော်ဘယ်ရီ"

Ken ရဲ့ စကားကို ကြားတော့ XiaoZhan က ဘေးက သူ့သူငယ်ချင်းကို မျက်စပစ်ပြတယ်။ သူအလေးသာနေတယ်ဆိုတဲ့ သဘော။ အဲဒီအချိန်တုန်းက XiaoZhan နဲ့ XiFei နှစ်ယောက်လုံး Ken ကို သဘောကျနေကြတာပါ။ ဟိုက "ငါ မင်းတို့ ၂ ယောက်လုံးကို မကြိုက်ဘူး" လို့ အပြတ်ပြောထားပြီးသား။ အဲဒါကို ပြိုင်နေကြတုန်း။

"ငါ ချောကလက် မကြိုက်လို့"

Ken ရဲ့ နောက်ထပ် စကားတစ်ခွန်းအောက်မှာ XiFei က XiaoZhan ကို မဲ့ပြတယ်။

XiaoZhan ပြန်ရန်တွေ့မလို့ ပြင်တုန်းမှာပဲ XiFei က သူ့ကို လေးသံတိုးတိုးနဲ့ စကားလာပြောတယ်။

"2 o'clock ကို ကြည့်လိုက်"

2 o'clock?

လေသံတိုးတယ်ဆိုပေမယ့် Ken လည်း ကြားရတဲ့ ပုံပါပဲ။ ၂ ယောက်လုံး လှည့်ကြည့်လိုက်မိတယ်။

ထူးထူးခြားခြားတော့ ဘာမှမရှိဘူး။ အမျိုးသမီးတစ်ယောက် luggage တစ်လုံးနဲ့ လမ်းမှာ ဖြတ်လျှောက်သွားတာ။ Tian Gu မှာ tourist တွေ အများကြီးဆိုတော့ ဒီမြင်ကွင်းက အထူးအဆန်းမဟုတ်ဘူး။ ဒါပေမယ့်...

"သူ့ အိတ်က အရမ်းလေးနေသလိုပဲ"

Ken က ထပြောတယ်။ XiaoZhan လည်း သတိထားမိပါတယ်။ အဲအမျိုးသမီးမှာ အိတ်ကို အတင်းဆွဲနေရသလိုပဲ။

"ငါတို့ လိုက်သွားကြည့်မလား"

ဒါမျိုးဆို XiaoZhan က ၂ ခါမခေါ်ရဘူး။ ပါသွားတာပဲ။ Ken ရှေ့မှာ တစ်ခုခုလုပ်ပြချင်တာလဲ ပါမှာပေါ့။

နောက်ယောင်ခံလိုက်ရင်းနဲ့ အဲဒီအမျိုးသမီးက အများသုံးသန့်စင်ခန်းတစ်ခုထဲ ဝင်သွားတာကို တွေ့ရတယ်။ သူမမျက်နှာက တကယ်ကို မလုံမလဲပါ။ သူတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဆက်ဝင်သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အစကတော့ ဒါဟာ နောက်ပြောင်မှု သပ်သပ်ပဲ။ လျို့ဝှက် mission ဆိုပြီး game ဆော့သလို နောက်က လိုက်လာခဲ့ကြတာ။ ဒါပေမယ့် ဒီအမျိုးသမီးဟာ တဖြေးဖြေးနဲ့ မသင်္ကာစရာ ကောင်းလာတယ်။

For YouOpowieści tętniące życiem. Odkryj je teraz