Chapter 4

10.6K 1.3K 19
                                    

(Unicode)

ဖုန်းမကိုင်ခင် စိတ်ဓာတ်ပြင်ဆင်တဲ့အနေနဲ့ Yibo တစ်ချက်လောက် ခပ်ပြင်းပြင်း အသက်ရှုလိုက်တယ်။ Jing Yi ဆိုတဲ့တစ်ယောက် သူ့ကို လှောင်လည်း လှောင်ပါစေတော့။ နောက် ဘေးနားက ၂ ယောက်ကို မကြားစေချင်တာနဲ့ ear piece တပ်ပြီးမှ ခေါ်ဆိုမှုကိုလက်ခံလိုက်တယ်။

"ဟယ်လို"

"ဟယ်လို, ကျောင်းသား Wang Yibo လား။ ကျွန်တော် XiaoZhan ပါ"

XiaoZhan ရဲ့ အသံက Ear piece ကြောင့် နားထဲကို တိုက်ရိုက်တန်းပြီး ဝင်လာတယ်။ မသိရင် အနားမှာ ကပ်ပြောနေသလိုပဲ။ Yibo ယောင်ယမ်းပြီး သူ့နားရွက်ကိုတောင် ပြန်ကိုင်မိတော့မလို ဖြစ်သွားတယ်။ တစ်ဆိတ် XiaoZhan, ခင်ဗျားရဲ့ အသံက အရမ်းပဲ......။

နောက်ပြီး video တွေထဲကလို၊ အတန်းထဲမှာလို အခြားတစ်ယောက်ယောက်ကို ဦးတည်ပြောတာ မဟုတ်ပဲ ဒါဟာ Yibo တစ်ယောက်ထဲကိုပဲ ဦးတည်ပြီး ပြောနေတာ။

Yibo နောက်တစ်ခါ အသက်ပြင်းပြင်းရှုပြီး စိတ်ငြိမ်အောင် လုပ်လိုက်တယ်။

"ဟုတ်ပါတယ် General, ကျွန်တော် Wang Yibo ပါ။ General ပေးခဲ့တဲ့ ကလေး ၂ ယောက်ကို Zhi Li ကျွန်တော့်ဆီမှာ အပ်ထားခဲ့တယ်။ ကျွန်တော့်ရဲ့ လက်ရှိတည်နေရာကို General ဆီ ပို့လိုက်မယ်လေ"

Yibo သူပေးစရာရှိတဲ့ အချက်အလက်တွေကို တစ်ခါတည်းတောက်လျှောက်တန်းစီ ပြောသွားလိုက်တယ်။ သူ ခဏ ခဏ အားယူရတာ မလွယ်ဘူး။

"ကောင်းပြီလေ ပို့လိုက်ပါ။ ကျွန်တော် မအားတာကြောင့် သူတို့ကို ကြိုဖို့လူတစ်ယောက်လွှတ်လိုက်မယ်။ ကျောင်းသားကိုပင်ပန်းသွားစေခဲ့ပြီ။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် Yibo"

သူ မလာဘူးပေါ့...။

ဟုတ်သားပဲ ဒီည ညစာစားပွဲ တက်ရဦးမှာပဲ။

"ဟုတ်ကဲ့ General, အဲလိုပဲ လုပ်ကြတာပေါ့။ နောက်လည်း လိုအပ်ရင် အကူအညီတောင်းလို့ရပါတယ်ခင်ဗျ"

သူ့စကားဆုံးတော့ XiaoZhan က ခပ်ဖွဖွရယ်တယ်။

တစ်ဆိတ် ကျွန်တော်ပြောတဲ့အထဲမှာ ဘာများရယ်စရာပါလို့လဲ။ နောက်ပြီး ဖုန်းပြောနေချိန်မှာ မရယ်ပါနဲ့လား။

For YouWhere stories live. Discover now