Chapter 9

9.5K 1.2K 36
                                    

(Unicode)

Yibo သူတို့အနားကို ရောက်သွားတော့ XiaoZhan က သူ့ကို JiangCheng နဲ့ မိတ်ဆက်ပေးတယ်။

"JiangCheng, ဒါ ငါပြောပြဖူးတဲ့ ကလေး။ Wang Yibo တဲ့"

Hello? ဘယ်သူက ကလေးလဲ?

"Yibo, သူက JiangCheng။ ကျွန်တော်တို့ Tian Gu မှာ အတော်ဆုံး လက်နက်ပညာရှင်ပေါ့"

သူ့စကားကို ကြားတော့ JiangCheng က မျက်နှာမဲ့တယ်။

"အပိုတွေ မလုပ်စမ်းနဲ့ XiaoZhan. ကလေးတွေ ရှေ့မှာ တည်တည်ငြိမ်ငြိမ်နေစမ်းပါ"

Excuse me? ခင်ဗျားတို့ထက် ၆ နှစ်လောက်ပဲ ငယ်တာပါ။

XiaoZhan ကို တစ်ချက်လှည့်ဆူပြီးတော့ JiangCheng က Yibo ဘက် လှည့်လာတယ်။

"မင်းအကြောင်းတွေ ကြားဖူးပါတယ်။ ဘာလုပ်လုပ်ထူးချွန်ပြီး အင်မတန် ထက်မြက်တယ်လို့ ပြောကြတယ်"

ဟုတ်ပြီ။

လူကြီးလူကောင်းတွေဆီက ဒီလိုချီးကျူးခံရတဲ့အခါ ပြန်ပြောရမယ့် စကားက ပုံသေ သတ်မှတ်ထားတာရှိတယ်။ ဒီ ချီးကျူးမှုကို ခံယူဖို့ မထိုက်တန်သေးတဲ့ အကြောင်း၊ ဒီထက်အများကြီး ကြိုးစားဖို့ လိုသေးတဲ့ အကြောင်းတွေသာ ပြန်ပြောလို့ရတယ်။ "ဟုတ်တယ် ငါက အဲလိုတော်တာလေ" ဆိုတဲ့ သဘောမျိုးသက်ရောက်တဲ့ စကားများ ပြောကြည့် မင်းရဲ့ ရှေ့ဆက်တက်လမ်းကို နှုတ်ဆက်လိုက်ရလိမ့်မယ်။ ဒါပေမယ့် ဒီလို စည်းကမ်းတွေနဲ့ အကျုံးမဝင်တဲ့သူတွေလည်း ရှိပါတယ်။ ဥပမာ အိမ်ရှေ့စံပေါ့။ Yibo ကတော့ အိမ်ရှေ့စံမဟုတ်တဲ့အတွက် သမားရိုးကျ အဖြေကိုပဲ ပေးပါတယ်။

"အဲလောက်ကြီးလည်း မဟုတ်ပါဘူး, professor. သူတို့အမွှန်းတင်လွန်းနေတာပါ"

"အင်းပေါ့။ ဒါတော့ စောင့်ကြည့်ရမှာပေါ့"

အဲဒီအချိန်မှာ အခန်းထဲကို နောက်ထပ် ယောက်ျားတစ်ယောက်ဝင်လာတယ်။ မျက်နှာထား ခပ်တည်တည်နဲ့။ ဒါပေမယ့် ခုလို တည်နေရင်းနဲ့တောင်မှပဲ မှုန်နေအောင် ချောတယ်။

ချောနေတယ်ဆိုတာထက် လှတာ။

သေချာတယ် Omega ပဲ။

အဲဒီတစ်ယောက်ကို မြင်တော့ XiaoZhan က ဝမ်းသာအားရပြေးပြီး ကြိုတယ်။ နောက် လက်တစ်ဖက်ကို ဆွဲပြီး လူအုပ်စုရှေ့ကို ခေါ်လာခဲ့တယ်။

For YouWhere stories live. Discover now