“ ဂျီယောင်းရာ..မူးနဲ့လေခွာ..အရက်သမား
သိက္ခာကျတယ်ဟ..”“ အမ်းဘာ..ငါက မူးပါဝူး..ဒယ်ဆောင်းရ..”
မမူးဘူးလို့သာပြောနေတာ။
ခေါင်းကငိုက်စိုက်နှစ်ကောင်သား..
တယောက်လည်ပင်း တယောက်ဖက်ကာ..
ပလက်ဖောင်းအတိုင်း ယိုင်တိယိုင်တိုးနဲ့
အဆောင်ကိုပြန်လာကြတယ်။အရှေ့တလှမ်းတိုး..အနောက်သုံးလှမ်းဆုတ်
သိုင်းကွက်နဲ့..ဒယီးဒယိုင်တွေကို ဖြစ်လို့။
တယောက်ကိုတယောက်ထိန်းရင်း..လျှောက်ရင်း..လဲကျမလိုဖြစ်လိုက်တိုင်း..
“ ဂျီယောင်း..မူးနဲ့လို့ဆိုနေ..”
“ မူးနဲ့ဆို..မူးပါဝူးဆိုနေမှ..”
အာလေးလျှာလေးအသံတွေနဲ့..အပြန်အလှန်
ကညုနေကြသေးတာ..ည ၁၁ နာရီ..
လူသူသိပ်မရှိတဲ့ အဆောင်လမ်းကြားလေးထဲ
မှာ..မူးပြဲကွဲနေတဲ့ သူငယ်ချင်းနှစ်ယောက်။ဓာတ်တိုင်တခုအောက်ရောက်တိုင်း..
မီးရောင်အောက်မှာ..
တယောက်မျက်ခွက်တောင် တယောက်
မမြင်ရပဲ..အပြန်အလှန် စိုက်ကြည့်ရင်း
ကြည်ညိုနေကြသေးတာ။
“ ငါ့သူငယ်ချင်းကြီးက ချစ်ဖို့သိပ်ကောင်း..ငါ့
အတိုင်းဖဲ..ချောမှချော..”
“ မင်းလည်းသိပ်သိပ်ချော..ကြည့်နေရင်း ထိုင်
တောင်ကန်တော့ချင်လာပြီ..”
“ အာ့ဆို..မင်းအမ ငါ့ကိုပေး..ငါ့ညီမလေး မင်း
ယူလိုက်လေ..”
“ ဟာ..မရပါဝူး..ငါ့အမကို မင်းယူပြီး..မင်း
ညီမလေးကို ငါ့ပေးလိုက်ပါ..”“ အဲ့လိုကျ ဘယ်ကောင်းပါ့မလဲ..ဂျီယောင်းရာ
မင်းနစ်နာနေမှာပေါ့..ငါ့ညီမလေးမင်းယူလိုက်
ပါကွာနော်..မင်းအမပဲ ငါ့ပြန်ပေး..”“ ဂယ်လား..ငါက ငါ့အမ ပေးချင်တာပါဆိုနေ
မှကွာ..အားနာဈာကြီး..”“ အေးကွာ..အားနာဈာကြီးဟ..အာ့မို့ပြောတာ
ငါ့ညီမလေးတော့ ပြန်ယူလိုက်ပါကွာနော်..”