“ ဂျီယောင်းရာ..မူးနဲ့လေခွာ..အရက်သမား
သိက္ခာကျတယ်ဟ..”“ အမ်းဘာ..ငါက မူးပါ၀ူး..ဒယ်ဆောင်းရ..”
မမူးဘူးလို့သာပြောနေတာ။
ခေါင်းကငိုက်စိုက်နှစ်ကောင်သား..
တယောက်လည်ပင်း တယောက်ဖက်ကာ..
ပလက်ဖောင်းအတိုင်း ယိုင်တိယိုင်တိုးနဲ့
အဆောင်ကိုပြန်လာကြတယ်။အရှေ့တလှမ်းတိုး..အနောက်သုံးလှမ်းဆုတ်
သိုင်းကွက်နဲ့..ဒယီးဒယိုင်တွေကို ဖြစ်လို့။
တယောက်ကိုတယောက်ထိန်းရင်း..လျှောက်
ရင်း..လဲကျမလိုဖြစ်လိုက်တိုင်း..“ ဂျီယောင်း..မူးနဲ့လို့ဆိုနေ..”
“ မူးနဲ့ဆို..မူးပါ၀ူးဆိုနေမှ..”
အာလေးလျှာလေးအသံတွေနဲ့..အပြန်အလှန်
ကညုနေကြသေးတာ..ည ၁၁ နာရီ..
လူသူသိပ်မရှိတ့ဲ အဆောင်လမ်းကြားလေးထဲ
မှာ..မူးပြဲကွဲနေတ့ဲ သူငယ်ချင်းနှစ်ယောက်။
ဓာတ်တိုင်တခုအောက်ရောက်တိုင်း..
မီးရောင်အောက်မှာ..
တယောက်မျက်ခွက်တောင် တယောက်
မမြင်ရပဲ..အပြန်အလှန် စိုက်ကြည့်ရင်း
ကြည်ညိုနေကြသေးတာ။“ ငါ့သူငယ်ချင်းကြီးက ချစ်ဖို့သိပ်ကောင်း..ငါ့
အတိုင်းဖဲ..ချောမှချော..”“ မင်းလည်းသိပ်သိပ်ချော..ကြည့်နေရင်း ထိုင်
တောင်ကန်တော့ချင်လာပြီ..”“ အာ့ဆို..မင်းအမ ငါ့ကိုပေး..ငါ့ညီမလေး မင်း
ယူလိုက်လေ..”“ ဟာ..မရပါ၀ူး..ငါ့အမကို မင်းယူပြီး..မင်း
ညီမလေးကို ငါ့ပေးလိုက်ပါ..”“ အ့ဲလိုကျ ဘယ်ကောင်းပါ့မလဲ..ဂျီယောင်းရာ
မင်းနစ်နာနေမှာပေါ့..ငါ့ညီမလေးမင်းယူလိုက်
ပါကွာနော်..မင်းအမပဲ ငါ့ပြန်ပေး..”“ ဂယ်လား..ငါက ငါ့အမ ပေးချင်တာပါဆိုနေ
မှကွာ..အားနာဈာကြီး..”“ အေးကွာ..အားနာဈာကြီးဟ..အာ့မို့ပြောတာ
ငါ့ညီမလေးတော့ ပြန်ယူလိုက်ပါကွာနော်..”