သူတို့နေတဲ့အဆောင်ကိုပြန်ရောက်တဲ့အထိ..
ဆွန်းရီက သူ့ကိုစကားမပြောဘူး။ လမ်းအတူ
တူ လျှောက်လာခဲ့ကြပေမယ့် ဒီကောင်လေးရဲ့
စိတ်တွေပျံ့လွှင့်နေသလိုပဲ။ဘာတွေများတွေးနေတာပါလိမ့် အနောက်ပိုင်း
ပြည်နယ်အတွက် စိတ်ရှုပ်နေတယ်ထင်ပါရဲ့..
ဂျီယုံး အလိုက်သတိပဲ တိတ်တိတ်လေးနေပေး
ဖို့ စဉ်းစားလိုက်ပေမယ့်..“ အကိုဒယ်ဆောင်းနဲ့ ဘယ်ကတည်းက ခင်
ခဲ့ကြတာလဲ..”“ အမ်..”
" အကိုနဲ့အကိုဒယ်ဆောင်းတို့ နှစ်ယောက်က
ဘယ်ကတည်းကခင်ကြတဲ့သူငယ်ချင်းတွေလဲ
လို့..အကိုတို့ကို ကြည့်ရတာ အရမ်းရင်းနှီးနေ
တဲ့ပုံပေါက်နေလို့လေ..”“ သြော်..”
ငါကတော့တိုက်ပွဲအတွက်စိတ်ရှုပ်နေရှာတယ်
ထင်နေတာ ဒင်းကစပ်စုစိန်လုပ်ချင်နေတာကိုး
မထင်ရဘူးနော်..ချွဲကိုယ်တော်လေးက သူများ
အကြောင်းကိုသိချင်နေတာတဲ့..အထင်ကြီးနေ
တာလေးတွေတောင် ဘယ်ဆီရောက်ကုန်မှန်း
မသိတော့ဘူး။“ ဒယ်ဆောင်းနဲ့ငါက ကျောင်းနေဘက်သူငယ်
ချင်းတွေလေ..တော်တော်လေးခင်ကြတာလို့
တော့ပြောလို့ရတယ်..သူ့ကို ငါမှမပေါင်းလည်း
ကျောင်းမှာပေါင်းမယ့်လူမှ မရှိတာ..”“ ဟုတ်လား..အကိုဒယ်ဆောင်းက ဘာဖြစ်
လို့လဲ ““ သူက ကျပ်မပြည့်ရှာဘူးကွ..”
" ကျပ်မပြည့်ဘူးဆိုတာ ဘာကိုပြောတာလဲ..
အကိုဂျီယုံး..”ဟုတ်သားပဲ..ဒီလိုစကားတွေ ဒီကောင်လေး
ဘယ်နားလည်ပါ့မလဲ..“ ကျပ်မပြည့်ဘူးဆိုတာဦးနှောက်လူစဉ်မမှီဘူး
လို့ပြောတာ..ပြောရမယ်ဆိုရင် ယဉ်ယဉ်လေး
ရူးနေတာပေါ့ကွာ အဲ့လိုကောင်မျိုးကိုမင်းအကို
ချွဲကိုယ်တော်ကြီးက ဘာဖြစ်လို့အဆောင်ထဲဥ
ထားသလဲဆိုတာ စဉ်းစားလို့ကိုမရဘူး “ပြောသမျှယုံပြီး စိတ်မကောင်းတဲ့မျက်နှာလေး
ဖြစ်သွားတဲ့ ဆွန်းရီကိုကြည့်ရင်းနဲ့ ရယ်ချင်လာ
တယ်။ လူတိုင်းကို ဒီလိုပဲ အယုံလွယ်နေလို့ ချွဲ
ဆန်ဟွမ်းက စိတ်မချဖြစ်နေတာ မဆန်းဘူး။