ခန္ဓာကိုယ်က အေးစက်တောင့်ခဲသွားပေမယ့်..
ရင်ထဲက အပူဝေဒနာတွေက လောင်မြိုက်နေ
ဆဲပါပဲ။ ရေခဲရေကန်က ရေတွေဘယ်လောက်
အေးအေး..သူ့မျက်ရည်တွေကို မခဲသွားစေနိုင်
ဘူး။ ပါးပြင်မှာပူနွေးနေဆဲမျက်ရည်စီးကြောင်း
တချို့ရှိတယ်။ ကန်အောက်ခြေကို ရောက်လေ
မဲမှောင်လာလေ..ပိုပြီးအေးစက်လာလေ။ဘာဖြစ်လို့များ..မင်း ငါ့ကိုလိမ်ရက်ခဲ့ရတာလဲ..
တချိန်လုံး မင်း ငါ့အနားမှာ လူလိမ်တယောက်
အဖြစ် ဘယ်လိုများ လိပ်ပြာသန့်သန့်နဲ့နေနိုင်ခဲ့
ရတာလဲ..ဟေးဝမ်ကို ငါလုသွားမှာစိုးရိမ်ခဲ့တာ
လား။ ဘာလို့ စိတ်ထဲကမပါတဲ့ ဂရုစိုက်မှုတွေ
ကာကွယ်စောင့်ရှောက်ပေးတာတွေ မလိုအပ်
တဲ့ ရင်းနှီးမှုတွေပေးခဲ့ရတာလဲ။ တကယ်ပဲ..ငါ့
ကို မင်း ဘယ်လိုသဘောထားခဲ့တာလဲ။အဖြေမရှိတဲ့မေးခွန်းပေါင်းများစွာကချားရဟတ်
တွေလို သူ့ခေါင်းထဲမှာချာချာလည်လို့နေတယ်
အဖြေကိုလည်း မသိချင်တော့ပါဘူး။ငါက ကြာကူလီကောင်သာသာဘ၀ကိုရောက်
ခဲ့တဲ့သူပါပဲလေ..သိက္ခာတွေလည်း မြေမှာချနင်းခံလိုက်ရသလို
ရစရာ မရှိအောင် ကွဲခဲ့ရတဲ့ အရှက်တွေလည်း
ပြန်အဖတ်ဆည်လို့ရမှာမှ မဟုတ်တော့တာ။ရေတွေကို တ၀ကြီးမြိုချပစ်လိုက်တယ်။ အေး
ကနဲ ဖြစ်သွားတဲ့ လည်ချောင်းကနေ တဆင့်
အစာပြွန် အစာအိမ်ထိ ရေတွေဖြတ်ပြီးစီးဆင်း
သွားတာကို ခံစားလိုက်ရပြီးနောက် အသက်ရှူ
ကျပ်လာတယ်။အရင်က သေမှာကြောက်ခဲ့ပေမယ့် အခုတော့
သေသွားရင်လည်းကောင်းတယ်ဆိုတဲ့..လက်
လျှော့လိုမှုတွေ။မင်းကြောင့်မို့ ဆိုတာ..မင်း ဘယ်တော့မှ မသိ
နိုင်တော့ဘူး ဆွန်းရီ..ရည်မှန်းချက်ကြီးတွေနဲ့
အရောင်တောက်နေတတ်တဲ့မင်းမျက်ဝန်းတွေ
ထဲမှာ..ရွံစရာကောင်းတဲ့ ဖုံးကွယ်မှုတွေ ရှိလိမ့်
မယ်လို့ ငါမတွေးခဲ့မိသလို တခါတရံမှပြုံးတတ်
တဲ့ မင်းအပြုံးတွေကဟန်ဆောင်စရာမျက်နှာဖုံး
သက်သက်တခု ဖြစ်လိမ့်မယ်လို့ ငါ့စိတ်ကူးထဲ
မှာတောင် မထင်ခဲ့မိဘူး။