“ မင်း ဘာတွေပြောနေတာလဲ..ဂျီယုံး..”
“ ကျွန်တော်ကျောင်းထွက်တော့မယ်..ကျောင်း
ဆက်တက်နေလည်း ကျွန်တော့်အတွက် ဘာ
မှမထူးဘူး.. အပြင်မှာပဲဖြစ်ဖြစ် အဖေတို့စီစဉ်
ပေးတာပဲဖြစ်ဖြစ်..အလုပ်တခုခု အခုချက်ချင်း
၀င်လုပ်ချင်တယ်လို့..”အဖေက သူ့ကိုနားမလည်သလိုထိုင်ကြည့်နေ
ကာ..အမေကတော့ စိတ်ဆင်းရဲနေရှာတ့ဲပုံ။
သူ့မိဘတွေက သူ ကျောင်းတက် ဘွဲ့ရတာကို
မြင်ချင်လွန်းလို့ အလိုလိုက်အကြိုက်ဆောင်ပြီး
ကျောင်းထားနေတာကို သိပါတယ်။ ဒါပေမယ့်
ဘာတတ်နိုင်မှာလဲ..ဆွန်းရီကို အ့ဲလိုမထားနိုင်
ဘူး။ သူများဆီမှာရှေ့မှာ အောက်ကျို့နေရတာ
ကို မြင်တိုင်း အလိုလိုနေရင်း ဒေါသတွေထွက်
လာတယ်။ ရို့ကျိူးနေရတာတွေမျိူးတွေမမြင်ချင်
တာ အမှန်ပဲ။“ ကျောင်းပြီးဖို့ကလည်း ဘယ်လောက်မှမလို
တော့တာကို မင်းက ဘာ အရူးထနေတာလဲ..
ကျောင်းပြီးမှ အလုပ်လုပ်လည်း ရနေတာပဲ..”“ ကျောင်းဆက်တက်ချင်တ့ဲစိတ်မရှိတော့လို့ ”
“ အ့ဲဒါဆို မင်းကဘာစိတ်ရှိနေတာတုန်း..အိမ်
မှာ ခိုကပ်နေတော့မလို့လား..မင်းဘ၀ကို မင်း
ဘယ်လိုရပ်တည်မယ်လို့စဉ်းစားထားတာတုန်း
ဂျီယုံး..ငါ့ကိုပြောစမ်းပါဦး..”အဖေ့ဆီကခပ်မာမာလေသံကြောင့် သူ့ခါးတွေ
လည်း အလိုလို မတ်လာရတော့တယ်။ အမေ့
ကိုကပ်ချွဲလို့ရတယ်ဆိုပေမယ့် အဖေ့ဒေါသကို
တော့ ကြောက်ရတယ်။ဒီကိစ္စကြီးကိုလည်း သူ ဖုံးကွယ်မထားချင်ဘူး။
မွေးထားတ့ဲ သားရဲ့ပုံစံအစစ်အမှန်ကိုသိစေချင်
တယ်။ သူများပြောပြမှ သိရတာမျိုးထက်စာရင်
ကိုယ်တိုင် ဖွင့်ပြောပြလိုက်ဖို့ သူ ဆုံးဖြတ်ထား
ပြီးသား။ အကျိုးဆက်က ဘယ်လိုပဲဖြစ်လာဖြစ်
လာ..ရင်ဆိုင်ဖို့လည်း တွေးထားပြီးသားပါ။“ ကျွန်တော့်မှာ ချစ်ရတ့ဲသူရှိနေပြီ..သူ့မှာ မိဘ
လည်းမရှိဘူး တခြားအားကိုးစရာကလည်းမရှိ
တာမို့ ကျွန်တော်သူ့ကိုကာကွယ်စောင့်ရှောက်
ပေးချင်တယ် အဖေတို့ကိုအသိပေးတာပါ ”