Once Upon A Time
Part 5“ ဒါဆိုရင်..အိမ်ရှေ့စံလေးကို ရှင့်လက်ထဲမှာ
စိတ်ချလက်ချအပ်ခဲ့ပါရစေနော် အားကိုးပါရစေ
အိမ်ရှေ့စံလေး အန္တရာယ်တွေကြားကနေ
လွတ်မြောက်သွားပြီး..စိတ်ချရတဲ့အခြေအနေ
ရောက်သွားရင်..ရှင့်ကို အသက်ရှင်လျက်ပြန်ပို့
ပေးပါ့မယ် ““ အမ်..ပြန်ပု ပြန်ပု..ငါက ဒီမှာပဲနေတော့မှာ..
ဟီး..အိမ်ရှေ့စံလေးကို တသက်လုံးကာကွယ်
စောင့်ရှောက်ပေးသွားမှာ..”“ ဒီမှာပဲနေလို့မရဘူးလေ..ရှင့်ကိုဒီကိုခေါ်လာ
ပေးခဲ့ရတာကိုက..ကျွန်မအတွက် ကြီးမားတဲ့
အပြစ်ကျူးလွန်မိနေပြီ..ရှင့်ကို ဟိုဘက်ကိုပြန်ပို့
ရင်ပို့..မပို့ရင် ရှင် ဒီမှာပဲသေရလိမ့်မယ်..”“ ဟာကွာ..မင်းကလည်း..ငါက အလိုမတူပဲနဲ့
အခေါ်လာခံရတာလေ..မင်းတို့ အိမ်ရှေ့စံကို
လည်း ကာကွယ်စောင့်ရှောက်ပေးရပြန်ဦးမယ်
အိမ်ရှေ့စံ အသက်အန္တရာယ်ကြုံတာနဲ့ ငါလေး
ပါ ရောပြီးသေသွားနိုင်တယ်လေ..သူ သေပြီး
ငါမသေပြန်ဘူးဆိုရင်လည်း..မင်းက ငါ့ကိုယဇ်
ပူဇော်ဦးမတဲ့..အဲ့လောက်တောင် ဘလိုင်းကြီး
စွန့်လွှတ်အနစ်နာခံပြီး ဟီးရိုးကြီးဝင်လုပ်ရမယ့်
ကိစ္စကွာ..မသေလို့အသက်ရှင်ကျန်ခဲ့ရင်တော့
ငါ့အတွက်လည်း ငါ ဖြစ်ချင်တဲ့ဆန္ဒဘာညာကို
တောင်းဆိုခွင့်ပေးသင့်တာပေါ့ ဟုတ်ပုလား..”“ ကျွန်မသာ ရှင့်ဝိညာဉ်ကို ဒီဘက်ခေါ်မလာခဲ့
ရင်..ရှင် ဟိုဘက်မှာ ရေနစ်သေနေလောက်ပြီ
အသက်ရှင်လျက်ပြန်ပို့ပေးမှာကိုပဲကျေးဇူးတင်
သင့်တာကို..ဘာတွေများထပ်ပြီးတောင်းဆိုချင်
နေသေးတာလဲ..”အံမယ်..ဒီနတ်သမီးကလည်း အကြောတော့
တင်းတယ်ဟ..ဈေးဆစ်လို့တောင်မရဘူး။“ ဘာပဲဖြစ်ဖြစ်လေကွာ..ငါ့အတွက်တော့ ဆု
ဖြစ်ဖြစ်..ဘာဖြစ်ဖြစ် တခုခုတော့ ပေးသင့်တာ
မို့လား..ငါကကိုယ်ကျိုးစွန့်ပြီး မင်းတို့အိမ်ရှေ့စံ
ကို အရိုးကြေကြေ အရေခမ်းခမ်း ကူညီပေးဖို့
ရောက်လာပြီပဲဟာ..”စိတ်ထဲက တဏှာရူးနေတာ သူမှမမြင်တာကို
အဲ့လိုပဲ အရှက်မရှိဘူး..ပြောပစ်မှာပဲ။