“ အကိုဂျီယုံး..ပင်ပန်းနေပြီလား..ခဏနားဦး
မလား..”“ မင်းပြောတော့ ၇ ပြည်ထောင်အရေးက
အရေးကြီးတယ်ဆို မနားတော့ပါဘူး..ငါတို့
မြန်မြန်သွားရအောင်လေ ““ အကို ပင်ပန်းနေမှာစိုးလို့ပါ..”
“ မြင်းပေါ်ထိုင်လိုက်ရတာပဲ မပင်ပန်းပါဘူး..”
မပင်ပန်းပါဘူး မြင်းကုန်းနှီးကြောင့် ဖင်ညှောင့်
ရိုးအောင့်နေပြီး..ဆွန်းရီရဲ့ရင်ခွင်ထဲ ရောက်မှာ
စိုးလို့..ခါးကိုမတ်ထားရတော့..ခါးညောင်းနေ
တာလေးပါပဲ။ ငါမြင်းစီးတတ်လို့ ဟေးဝမ်လေး
ကိုသာ ဒီလိုတင်စီးရရင်တော့..ဟေးဝမ်လေး
က ငါ့ရင်ခွင်ထဲမှာ ငြိမ့်ငြိမ့်လေးမှီပြီး လိုက်လာ
ရုံပဲ။ ဟိ..တွေးရင်း ရင်တောင်ခုန်လာပြီ။နေ့တ၀က်လောက် ခရီးဆက်လိုက်တော့..
နန်းမြို့ရိုးနားကို ရောက်လာတယ်။ မြို့တော်ရဲ့
အစွန်ဆုံးမှာ တည်ထားတာ ဖြစ်ပြီး အနောက်
ဘက်မှာရှိတဲ့ တောင်နံရံတွေက နန်းတွင်းရဲ့
အခိုင်မာဆုံးခံတပ်ကြီးလို..ကာရံထားတာမို့
ဘယ်သူမှကျူးကျော်ပြီး ၀င်လာလို့မရနိုင်ဘူး။
မြင့်မားလှတဲ့ နံရံကြီးတွေကလည်း ဘယ်လိုမှ
ခုန်ပျံကျော်လွှား တက်လို့မရတဲ့အထိပဲ။နန်းတွင်းထဲကိုဝင်ချင်ရင် ရှေ့ဂိတ်ပေါက်တခု
တည်းကပဲ ၀င်လို့ရအောင်လုပ်ထားတဲ့ အစီ
အမံပေါ့။ တောင်ဘက်ကိုလှမ်းကြည့်လိုက်ရင်
အနောက်ဘက်တောင်တန်းတွေဆီက မြစ်ဖျား
ခံလာတဲ့ မြစ်ကြီးတခုစီးဆင်းနေတယ်။
တောင်ကျမြစ်ရေဆိုတော့..ရေတက်ပြီး ပြန်ကျ
သွားတဲ့ နုန်းတင်တဲ့မြစ်တဖက်တခြမ်းဆီမှာ..
စိမ်းစိုနေတဲ့လယ်ခင်းတွေက တမျှော်တခေါ်ပဲ။
တောင်ဘက်ကနေရန်သူလာရင်တော့..မြစ်ကို
ဖြတ်ပြီးမှ လာရလိမ့်မယ်။ သဘာဝတရား ပေး
တဲ့ အကာအရံတွေအလယ်မှာ..နန်းတော်ကို
တည်ဆောက်ထားတာမို့..ချီးမကျူးပဲမနေနိုင်။“ တကယ်တော့..အိမ်ရှေ့စံနန်းဆောင်က ဒီ
မြို့တော်ထဲမှာပဲရှိတာပါ..ကျွန်တော်က လမ်းမ
ကြီးပေါ်ကမလာချင်လို့ မြို့ပြင်က တောအုပ်ကို
ဖြတ်လာလိုက်တာလေ..”