တယောက်ကိုတယောက် ကြောင်အမ်းအမ်းနဲ့
ရပ်ကြည့်နေမိတာ ဘယ်လောက်တောင် ကြာ
သွားသလဲမသိတော့ဘူး။ဒယ်ဆောင်းရော သူ
ပါ..အံ့သြမှင်သက်လို့နေတယ်။အိမ်မက်လား..တကယ်လား..ငါတို့ အခုဘယ်
မှာရောက်နေကြတာလဲဆိုတဲ့ အတွေး ကိုယ်စီ
နဲ့..ဘာစကားမှလည်း ပြောမထွက်နိုင်ဘူး။ဒယ်ဆောင်းက သူ့လိုပဲ ရှေးခေတ်ဝတ်စုံကိုမှ
အ၀ါဖျော့ဖျော့လေး ၀တ်ထားပြီး..သူ့ကိုလည်း
ခြေဆုံးခေါင်းဆုံး Scan ဖတ်လို့နေတယ်။ ရုပ်
ချင်းတူတာဖြစ်နိုင်လား..ရုပ်ချင်းဆင်တဲ့ တခြား
တယောက်များဖြစ်နေမလား။“ မင်း..မင်း..ဒယ်ဆောင်း..ဒယ်ဆောင်း ဟုတ်
ပါတယ်နော်..ငါ့ကို သိလား..ငါ..ဂျီယုံးလေ..”ဂျီယုံးလို့ပြောလိုက်မှ..ပါးစပ်အဟောင်းသားနဲ့
လက်ညှိုးကြီးထိုးပြီး အသံလည်းမထွက်နိုင်ပဲ
အော်နေပုံထောက်ရင်..ဒီကောင် တကယ်ကြီး
ဒယ်ဆောင်းပဲ..ငါ့ဂွင်ပဲ..ငါ့ကိုရေကန်ထဲကန်ချ
တဲ့ မအေဘေးဖြောင်းကနဲ ဖြောင်းကနဲ..ပါးကို ၂ ချက်ဆင့်ပြီး
ရိုက်လိုက်ရင်း..“ ဒယ်ဆောင်း..ဟျောင့် မင်း ငါ့ကိုမှတ်မိတယ်
မလား..”“ မင်း..မင်း..ဂျီယုံး..တကယ် ဂျီယုံးလား..”
ကိုယ့်ပါးကိုအုပ်ကိုင်ကာ..မျက်လုံးကြီးပြူးပြီး
ပြောနေတဲ့ဒယ်ဆောင်းရဲ့မယုံသင်္ကာအသံကြီး
က သူ့ကိုအူမြူးသွားစေတယ်လေ။ သူငယ်ချင်း
အရင်းခေါက်ခေါက်ကြီးကို ပြန်တွေ့ရတဲ့ ခံစား
ချက်က ဘာပြောကောင်းမလဲ လွှတ်ပျော်သွား
တာပေါ့။“ အေးပေါ့ဟ..မင့်ဖေကြီးလေ..”
ဂျီယုံးမှာ ၀မ်းသာအယ်လဲနဲ့ ပြေးဖက်မို့ လက်
ကိုဆန့်ကာရှိသေးတယ်။ ဖုန်းကနဲ ဆောင့်
အကန်ခံလိုက်ရပါတော့တယ်။ချီးမှ မပျော်တော့ဘူး..မသာ..ငါ့ကိုလက်စားချေ
တာ။“ အမျိုးတခြမ်းယုတ်ကောင်..မင်းကြောင့်မို့ ငါ
ဒီကိုရောက်လာရတာ..အကုန် မင်းကြောင့်ပဲ..
ငနာကောင် ““ အံမာ..ရေကန်ထဲကို အရင်ကန်ချတာက
ဘယ်သူလဲ..ပြော..မင်း ကန်ချလို့ ငါ ကျသွားရ
တာလည်း ထည့်ပြောဦး..သူခိုးက လူပြန်ဟစ်
နေသေးတယ်..ဒါနဲ့ နေစမ်းပါဦး..မင်းက ဘယ်
လိုလုပ် ဒီကိုရောက်လာတာတုန်း..”