အကိုတေးယန်က သူတို့နှစ်ယောက်ကို အနိုင်
ကျင့်တာရယ်လည်းမဟုတ်ပြန်ဘူး။ ဒီအတိုင်း
အလုပ်မရှိအလုပ်ရှာပြီး ထောင့်စေအောင် ခိုင်း
တတ်တာလေးတခုပါပဲ။ ကြမ်းတိုက်ပြီးရင် စား
ပွဲခုံတွေကိုတိုက်ခိုင်းတယ်။ မှန်တွေနဲ့ကာထား
တာဆိုတော့..မှန်တွေကိုလည်း တိုက်ရတယ်။
အကိုဆန်ဟွမ်းကြောင့် မှန်တံခါးက၂ ခါ တိတိ
ကွဲသွားပြီးတ့ဲနောက်နေ့တိုင်းမတိုက်ခိုင်းတော့
ဘူး..တပတ်တခါလောက်ပဲ။အ၀တ်အစား၀ယ်ပေး..ထမင်းလည်းကျွေးပြီး
နေစရာလည်းပေးထားတာမို့..တကယ်ကျေးဇူး
တင်ချင်စရာ ကောင်းတ့ဲအကိုပါ။အကိုယောင်ဘေးမဟုတ်ဘူးဆိုပေမယ့်..ဟို
ဘက်မှာသေပြီး ဒီဘက်မှာ ပြန်၀င်စားလာတ့ဲ
လူလို့ပဲ..ဆွန်းရီကတော့ မဖြစ်နိုင် ဖြစ်နိုင်တာ
တွေ အသာထားလို့ ယုံကြည်မိတယ်။ဘာလို့လဲဆိုတော့..အကိုယောင်ဘေးလိုမျိုး
စကားပြောပုံတွေ အကိုဆန်ဟွမ်းနဲ့မတည့်တာ
တွေ..သူ့ကိုညီလေးတယောက်လိုမျိုး ဆက်ဆံ
တာတွေ..အပေါက်ဆိုးတယ်လို့ ထင်ရပေမယ့်
စိတ်သဘောထားကောင်းတာတွေ အကုန်လုံး
က အကိုတေးယန်ဆီမှာ အပိုအလိုမရှိပြန်မြင်
နေရတယ်လေ။ပြီးတော့..ဒီဘက်ခေတ်ရဲ့ နည်းပညာတွေနဲ့
အသုံးအနှုန်းတွေကိုလည်း အချိန်ရှိရင် ရှိသလို
သင်ပေးတယ်။အကိုဆန်းဟွမ်နဲ့ ဘုနဲ့ဘောက်
ဖြစ်နေပေမယ့်..သူနဲ့တော့အဆင်ပြေတယ်။" ချွဲဆန်ဟွမ်း..ကိတ်မုန့်ဖုတ်နည်း သင်ပါ့လား
ဆွန်းရီတောင် လုပ်တတ်နေပြီကို.."" ဝါသနာမပါဘူး.."
" အ့ဲဒါဆို ခင်ဗျား ဘာဝါသနာပါလဲ.."
" ကိတ်မုန့်စားရတာ.."
" ခင်ဗျားဂျီးတော်ကြီးကိုပဲ ထိုင်စားနေလိုက် "
ရုပ်တည်ကြီးနဲ့ ဒီလူ့ကို တေးယန် နည်းနည်းမှ
ကြည့်မရဘူး။ အခုလည်း ကြည့်ဦး..ဟွင့် ကနဲ
နှာမှုတ်ပြီး သူ့ရှေ့မှာ ဖင်ကုန်းပြနေတာ။" ခင်ဗျား..အ့ဲဒါ ဘာလုပ်နေတာလဲ.."
နှာခေါင်းထဲကိုလည်း ညှီစို့စို့အန့ံကြီးဝင်လာလို့
အသက်ရှူတောင်အောင့်လိုက်ရတယ်။