“ ဂျီယုံးက မင်းကြောင့် တော်တော်လေးအထိ
နာခဲ့တာမို့..အခုလိုမျိုးဖြစ်နေတာကိုလည်း မင်း
ဘက်က နားလည်ပေးလိုက်ပါ..ငါနဲ့ ပေါင်းလာ
တဲ့ တလျှောက်လုံး ဂျီယုံး စိတ်ထိခိုက်သွားတာ
ဒီတခါပဲ မြင်ဖူးသေးတယ်..”ကြားဝင်ညှိနှိုင်းမှရမယ့်အခြေအနေမို့..ဆွန်းရီ
ကိုလည်း စိတ်မသက်မသာမဖြစ်ရလေအောင်
သေချာရှင်းပြဖို့ စိတ်ကူးပြီးပြောလိုက်တယ်။
ဆွန်းရီက လက်လေးနှစ်ဖက်ယှက်လို့ ခေါင်းပါ
ငုံ့ထားလေရဲ့။အဲ့လိုမြင်ရတော့လည်း..ဒယ်ဆောင်းမှာ စိတ်
မကောင်းဖြစ်ရပြန်တာပေါ့။“ ဟေးဝမ်က တောင်ပိုင်ဘုရင်ရဲ့သမီးတော်မို့
လက်လွတ်စပယ် လုပ်လို့မရဘူးဆိုတာ..မင်း
လည်း နားလည်မှာပါ..ပြီးတော့ ဒီကိစ္စမှာ
ကိုယ်တော်လေးရဲ့ အပြစ်မဟုတ်ဘူးဆိုတာကို
မင်း သိတယ်မလား..”ချွဲဆန်ဟွမ်းက ဒယ်ဆောင်းကို လေပြည်လေး
နဲ့ရှင်းပြရှာတယ်။ ဒီနေရာမှာ ဂျီယုံးသာဆိုရင်..
ဘာမှသေချာမသိပဲ သူ့ညီလေးကို စိတ်ဆိုးနေ
ရသလားဆိုပြီး ဆွဲဆောင့်မလား မပြောတတ်
ပေးမယ့်..ပြောတဲ့သူက ဒယ်ဆောင်းမို့ အဆင်
ပြေသွားတယ် ပြောရမယ်။ဒယ်ဆောင်းလည်း
သူ့သူငယ်ချင်းတယောက် ဘယ်လိုတွေခံစားခဲ့
ရလည်းဆိုတာသိနေတော့..ဒီအတိုင်းအလျှော့
ပေးဖို့ လုံးဝလက်မခံချင်ပေ။“ ဒါပေမယ့်..ဂျီယုံးဘက်ကကြည့်မယ်ဆိုရင်..
သူက အလိမ်ခံထားရတဲ့သူလေဗျာ..ဟေးဝမ်နဲ့
ဆွန်းရီက အကြင်လင်မယားဆိုတာသိလိုက်ရ
တော့..သူရှက်လွန်းလို့ သေချင်စိတ်ပါပေါက်ခဲ့
တာတဲ့..ဒီဘက်ကို ပြန်ရောက်လာတာတောင်
အဲ့စိတ်နဲ့တော်တော်လေးအခြေအနေဆိုးသွား
သေးတယ်..သူ အခုလို အနေအထားကို ပြန်
ရောက်လာဖို့ သူ့စိတ်ကိုသူအနည်ထိုင်အောင်
တော်တော်လေး အချိန်ယူခဲ့ရတာ..အဲ့လို ကြိုး
စားနေခဲ့ရပြီးတဲ့အချိန်ကျမှ..ဆွန်းရီက သူ့ရှေ့
မှာ ပြန်ပေါ်လာတာဆိုတော့..အနာဟောင်းကို
ပြန်ဆွသလိုဖြစ်တာပေါ့..”“ ကျွန်တော် နားလည်ပါတယ်..အဲ့အတွက်
အကို့ကိုလည်း စိတ်မဆိုးပါဘူး..ကျွန်တော်
မှားခဲ့တာပါ..အကို့ကို တောင်းပန်ချင်တာပါ..”