" ဆွန်းရီ..ဟေး၀မ်လေးက ငါ့ကို တချိန်လုံးပဲ
ကြည့်နေတာနော်.."ဂျီယုံးမှာ..အဆောင်ဆီ အပြန်လမ်းတလျှောက်
လုံး..ခြေထောက်နဲ့မြေကြီးနဲ့မထိသလိုမြှောက်
ကြွမြှောက်ကြွ ဖြစ်လို့နေတယ်။ စကားတွေ
အများကြီးမပြောဖြစ်လိုက်ပေမယ့် ဟေး၀မ်က
သူ့အပေါ် အာရုံရှိနေတယ် ဆိုတာ သိလိုက်ရ
တော့ ပျော်တာပေါ့။ ကိုယ့် crush လေးက
ကိုယ့်ကို ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးဖို့
ဆွန်းရီ ကိုတောင် တကူးတက မှာလိုက်သေး
တယ်။ လောကကြီးဟာ သာယာလှပ..သူကသာ ပျော်နေတာ..ဆွန်းရီက သိပ်မျက်နှာ
မကောင်းဘူး။ ဟေး၀မ်ကို မကြိုက်ပါဘူးလို့
အစကတည်းကပြောထားလို့သာ..မဟုတ်ရင်
ဒီပုံစံကြီးက သူနဲ့ဟေး၀မ်ကို သဘောမကျဘူး
လို့ တွေးချင်စရာတောင်ဖြစ်နေပြီ။ပြောရင်ကျ..အကိုဂျီယုံး လိုချင်ရင် ပေးမှာလေး
ဘာလေးနဲ့ ဗလောင်းဗလဲလုပ်ချင်နေတာလား
ဒီကောင်" ဆွန်းရီ..ငါ ပြောနေတယ်လေ.."
" ဟုတ်..အကို..ဘာပြောလိုက်တာလဲ..
ကျွန်တော် မကြားလိုက်လို့ "" မင်း ဘာဖြစ်နေတာတုန်း..စိတ်နဲ့လူနဲ့ မကပ်
သလိုပဲ..ဟေး၀မ်နဲ့ ငါနဲ့ကိုမနာလိုနေတာလား "" ဗျာ..ဘာလို့ အ့ဲလိုမေးတာတုန်း အကိုရ.."
" မင်းပုံစံက အ့ဲလိုကြီးဖြစ်နေလို့ပေါ့..
ခုနကတည်းက မအီမလည်မျက်ခွက်ကြီးနဲ့..
အခုလည်း ငါ ပြောနေတာကို အာရုံမရှိဘူး.."" မဟုတ်ပါဘူး အကိုရာ..ကျွန်တော် တခြား
တွေးစရာလေးတွေရှိနေလို့ပါ.."" အ့ဲဒါဆို ငါနဲ့ ဟေး၀မ်ကို မင်း ဘယ်လို
သဘောရလဲ.."ဆွန်းရီက ချက်ချင်းမဖြေပဲ လမ်းလျှောက်နေရာ
ကနေ ခြေလှမ်းတွေရပ်သွားတယ်။ အပြန်
အလှန်လှည့်ကြည့်လိုက်တ့ဲအခါ အရပ်ချင်းက
မတိမ်းမယိမ်းမို့ မော့လည်းမကြည့်စရာမလို..
ငုံ့လည်းကြည့်စရာမလိုပဲ..တခဏစာလောက်
လေး အကြည့်ချင်းဆုံနေမိလေရဲ့။ဒီကောင်လေးရဲ့ မျက်၀န်းတွေထဲက လှုပ်ခတ်
နေမှုတွေကို အဖြေရှာလို့မရခ့ဲ။ သူ ၀မ်းနည်း
နေတယ်လို့ ငါ ဘာလို့ ခံစားမိနေရတာပါလိမ့်။
ငါ့ကို မနာလိုတ့ဲအကြည့်တွေတော့မဟုတ်ဘူး
ဒါဆို သူ ဘာဖြစ်နေတာလဲ။