ဂျီယုံးရဲ့ အာပြဲလျှာပြဲအော်ငိုသံကြီးကို ကြားနေ
ရတော့..ဘေးမှာရှိတဲ့ကိုယ်ရံတော်သက်တော်
စောင့်တွေစိတ်ပျက်လက်ပျက်တွေဖြစ်သွားကြ
ပုံ ရတယ်။ ကြိုးကိုဆောင့်ဆွဲပြီး ခပ်တင်းတင်း
ပိုချည်နေကြတယ်။ခေါင်းဆောင်လို့ထင်ရတဲ့တယောက်က..
“ ဘာလို့ အော်ဟစ်နေတာလဲ..နားနေဆောင်
ထဲမှာ အိမ်ရှေ့စံလေး စံမြန်းနေတယ်..ဆူညံ
ပူညံမလုပ်နဲ့..”
“ ဘာလဲဗျာ..ခင်ဗျားက ဘာသိလို့လဲ..
အဲ့အိမ်ရှေ့စံဆိုတဲ့ကောင်ကြောင့် ကျွန်တော်
ဒုက္ခရောက်နေပြီဗျ..ပြန်မယ် မနေဘူး..ပြန်ပို့
ပေး..အီး..ဟီးဟီးး”ခုနကထက် ပိုကျယ်တဲ့ အသံနဲ့ အော်ကွဲနေပြီး
မျက်ရည်စီးကြောင်းနဲ့ယောက်ယက်ခတ်နေတဲ့
ဒီသကောင့်သားကိုကြည့်ကာ..သည်းခံနိုင်စွမ်း
တွေကုန်ချင်လာတယ်။ တသက်နဲ့တကိုယ်ပါ..
ဒီလို မထော်မနန်းအဝတ်အစားတွေ ဝတ်ထား
တဲ့ လူသတ်သမားမျိုးမတွေ့ဖူးခဲ့တော့..
သက်တော်စောင့်ခေါင်းဆောင်မှာ စိတ်ရှုပ်လာ
တော့တယ်။
ဓားကို ရွှမ်းကနဲ..ဆွဲထုတ်လိုက်ပြီး..
“ ဟာ..ဒီကောင် ပြောလေကဲလေပါလား..
အခုချက်ချင်း မတိတ်ရင် လျှာဖြတ်ပြီးခွေးကျွေး
လိုက်မှာ..အိမ်ရှေ့စံလေးကိုတောင် စော်ကား
မော်ကားပြောရဲတယ်..မင်းလိုကောင်စားမျိုးကို
တမြေ့မြေ့နဲ့မျှင်းသတ်ပစ်ရမှာ..မင်းအသက်ကို
ဖက်နဲ့ထုပ်ထားလိုက်တော့..”၀ှီးကနဲ အသံသာကြားလိုက်ရပြီး..ဂျီယုံးမှာ သူ့
ပါးကို ချွန်မြမြအရာကြီး လာထောက်ထားတာ
ခံစားလိုက်ရတော့..အင် ကနဲပဲ။
အသံကြောင့်ဖားသေဆိုတာ ဒါမျိုးနေမှာ။
သောက်အပေါက်ကိုပိတ်ထားလိုက်တော့..ချွန်မြနေတဲ့ဓားဦးက သူ့ပါးစောင်ကိုထိုးခွဲတော့
မယ့်အရိပ်အယောင်တွေကြောင့်မို့..ဂျီယုံးမှာ
ေ