" မင်း မနေ့ညက တော်တော်မူးသွားတယ်.."
ဒယ်ဆောင်းက ကျောင်းသွားဖို့ပြင်ဆင်နေရင်း
ဂျီယုံးကို အရိပ်အကဲခတ်နေတယ်။ သူ့စိတ်ထဲ
မှာ နောက်ဆံတင်းနေတာက..သူ သိတဲ့ ဂျီယုံး
ကဘယ်တုန်းကမှ ဒီလောက်တည်ငြိမ်နေတာ
မျိုး မရှိခဲ့ဖူးဘူး။" အင်း..မသောက်တာကြာလို့ ထင်တယ်.."
" မနေ့ညက ပြောတာတွေကို မှတ်မိလား.."
နှုတ်ခမ်းလေးတွန့်ချိုးရုံ ပြုံးတဲ့အပြုံးရဲ့နောက်မှာ
ရှက်နေတာမျိုးမဟုတ်ပဲ..ဘာကိုမှဂရုမစိုက်ချင်
တော့ သယောင်ယောင်..သူပြောခဲ့တာတွေကို
တခွန်းမှမမေ့ပေမယ့်..ဝန်လည်းဝန်မခံချင်ဘူး။" မူးလို့ပြောတာပဲကွာ..စိတ်ထဲမထားပါနဲ့.."
" မူးလို့ပြောတဲ့စကားမျိုးတွေ မဟုတ်လို့ပေါ့ကွ
ကိုယ်တော်လေးနဲ့ပတ်သတ်ပြီး.."" ငါ အခုပဲ သူ့ဆီသွားမလို့.."
စကားဖြတ်ပြောပြီး အခန်းထဲကနေ ခပ်မြန်မြန်
ထွက်နိုင်ဖို့ ပြင်ဆင်နေလိုက်တယ်။" ဘာလဲ..ဖွင့်ပြောတော့မှာလား "
" အင်း..အဲ့လိုသဘောပဲ.."
" မင်း တကယ် ဘာဖြစ်နေတာလဲ..ဂျီယုံး.."
ဒယ်ဆောင်းက သူ့လွယ်အိတ်ကြိုးကို ဆောင့်
ဆွဲလိုက်ပေမယ့်..အားမပါဘူး။ သူ့အတွက်နဲ့
ဘာတွေတွေးပြီးစိတ်ပူပေးနေမှန်းမသိပေမယ့်
စိတ်မပါပဲ နှစ်သိမ့်တာမျိုးတွေ မလုပ်တတ်တာ
သူ့အကျင့်လေ။" ဘာဖြစ်နေလို့လဲ.."
" မင်းပုံစံက တခုခုဖြစ်နေသလိုမို့လေ.."
" ငါ ဖြစ်နေတာတွေကိုပြောတော့ရော..မင်းက
နားလည်ပေးမှာမို့လို့လား..အပေါ်ယံ ကြည့်ပြီး
ငါ တကယ်ဘာဖြစ်နေခဲ့သလဲဆိုတာ ဘယ်လို
ပဲ ပြောပြပြောပြ..မင်း တကယ်နားထောင်ပေး
ခဲ့လို့လား.."" Why so seroius bro..အခြေအနေတွေကို
လက်ခံပေးဖို့ပြောမိတာနဲ့ မင်းက ငါ့ကိုစိတ်ဆိုး
နေပြီလား..ဘာလဲ ကိုယ်တော်လေးကြောင့်မို့
ကွေးရတာကို ရှက်နေတာလား.."ရယ်သံတွေက နေရခက်လိုက်တာ..
သူ ဒယ်ဆောင်းရဲ့မျက်နှာကို တည့်တည့်စိုက်
ကြည့်လိုက်မိတယ်။ အရင်လို စနောက်နေကျ
မို့ ပြောတယ်ဆိုတာ သိပေမယ့်..ဒီကိစ္စကြီးက
သူ့အတွက် တုန်လှုပ်နေစေတုန်းပဲ။