အောက်ကမညီမညာဖြစ်နေတဲ့မြေပြင်ကြောင့်
ဂျီယုံးမှာလဲကျမသွားအောင် မနည်းထိန်းကာ
လှမ်းနေရတယ်။ ဆွန်းရီရဲ့လက်ကို ဆုပ်ကိုင်
အားပြုထားရင်းပေါ့။ရှေ့က ဦးဆောင်သွားနေတဲ့ ဆွန်းရီကတော့..
စမ်းတ၀ါးဝါးတောင်မဖြစ်ပဲ သွားနေကျ လာနေ
ကျ လမ်းတခုလိုမျိုး ခပ်သွက်သွက်လျှောက်နေ
လေရဲ့။ဒီမဲမှောင်နေတဲ့လမ်းကျဉ်းကျဉ်းလေးမှာ..ဘေး
တဖက်တချက်က လှိုဏ်ခေါင်းအပေါက်တွေ..
ဘယ်အပေါက်မှမှားမ၀င်အောင်သွားနိုင်တယ်
ဆိုမှတော့.. အမြဲတမ်း သွားလာနေတဲ့လူမို့လို့
ပေါ့။ ဒါဆို ဒီကောင်က အိမ်ရှေ့စံနန်းဆောင်
ထဲကို ခိုးခိုးဝင်တတ်တယ်ဆိုတဲ့သဘောလား။
ရေနွေးကန်ရှိတာကိုလည်း ဘာလို့သိနေတာ
ပါလိမ့်။ ထူးဆန်းလိုက်တာ..“ အကို..ရရဲ့လား..ကျွန်တော့်လက်ကို မလွှတ်
လိုက်နဲ့နော်..”“ အေးပါကွာ..မလွှတ်ပါဘူးဟ..မင်းသာ ဇွတ်
တွေ သွားမနေနဲ့..ငါ့စောင့်ဦး..ငါ ဒီထဲမှာ ကျန်
မနေခဲ့ချင်ဘူး..”သူ ပြောလိုက်တာနဲ့..ရုတ်တရက်ဆိုသလိုပဲ..
ဆွန်းရီရဲ့ခြေလှမ်းတွေ နှေးသွားတာကို..သတိ
ထားမိလိုက်တယ်။ သူ့လက်ကိုလည်း ခုနက
ထပ် ပိုတင်းတင်းဆုပ်ကိုင်ကာ..“ ဒီလမ်းကြောင်းကို သိတဲ့သူက..ကျွန်တော်
ရယ်..အကိုယောင်ဘေးရယ်..ကျွန်တော့်အကို
ချွဲစစ်သူကြီးရယ်ပဲ ရှိတာ..အိမ်ရှေ့စံ အသက်
အန္တရာယ်နဲ့ ပတ်သတ်တဲ့ အရေးပေါ်ကိစ္စတွေ
မှာဆိုရင် ဒီလမ်းကြောင်းကိုသုံးပြီး လှုပ်ရှားကြ
တာများတယ်လေ..”“ သြော်..ဒါကြောင့်ကိုး..မသိပါဘူး..ငါက မင်း
ဟေးဝမ်လေး ရေချိုးတာကို လာလာချောင်းနေ
သလားလို့ပါ..”“ ကျွန်တော် ဟေးဝမ်ကိုမကြိုက်ဘူး..အကို..”
“ အေး..မင်းမကြိုက်နဲ့..ငါပဲကြိုက်မယ်..မင်းက
အောင်သွယ်ပေး..”မဲမှောင်နေတဲ့ ဥမင်လှိုဏ်ခေါင်းတလျှောက်မှာ
ဆွန်းရီရဲ့ခပ်တိုးတိုးရယ်သံလေးကရိုက်ခတ်လို့
သွားတယ်။ သူ ဘာတွေများ သဘောကျနေပါ
လိမ့်။ သူနဲ့ဟေးဝမ်နဲ့ တခုခုတော်စပ်နေတာမျိုး
ေ