ထမင်းစားဆောင်ထဲကိုဝင်တော့..အကုန်လုံး
က ကိုယ့်အစုနဲ့ကိုယ် ထမင်းစားနေကြတယ်။
ဂျီယုံးစိတ်ထဲမှာ သူတို့တက္ကသိုလ်ကကန်တင်း
ကိုပြန်ရောက်သွားရသလိုပဲ။သူတို့နှစ်ယောက်
ဝင်လာတော့..အကုန်လုံးရဲ့ အကြည့်တွေက
သူတို့ဆီကို မသိမသာနဲ့ ရောက်လာကြတော့
တာပေါ့။ ပေါ်တင်ကြည့်တဲ့သူတွေကလည်းရှိ
ပါ့။ ကိုယ်ရံတော်တပ်ဖွဲ့ထဲကို ကျောထောက်
နောက်ခံအကပ်နဲ့ ရောက်လာတဲ့ မလောက်
လေးမလောက်စားနှစ်ကောင်ဆိုတဲ့ အဓိပ္ပါယ်
တွေကလည်း သူတို့မျက်နှာမှာ အတိုင်းသား။မြင်သာအောင် ပြောရမယ်ဆိုရင်..
သူတို့နှစ်ယောက်က တခြားကိုယ်ရံတော်တွေ
နဲ့ တော်တော်လေးကိုကွာခြားတယ်။ သူဆိုရင်
အသားဖြူတယ် ပိန်ပိန်ပါးပါး နည်းနည်းပုသလို
လို..ဟိုကိုယ်ရံတော်ခေါင်းဆောင်လောက် မပု
ပေမယ့်လို့..ပုသယောင်ယောင်ပေါ့လေ။
ဘေးက ဆွန်းရီဆိုလည်း ပြည့်ပြည့်တင်းတင်း
ဖြစ်ပေမယ့်..နုဖတ်လွန်းနေတဲ့မျက်နှာနဲ့
အသားအရည်က မင်းသားရှုံးလောက်တယ်။ကိုယ်ရံတော်တွေဘက် ဝေ့ကြည့်လိုက်တော့
အညိုဆင်အကြမ်းအထော်ကြီးတွေ။ သူတို့ပုံစံ
က ဘာနဲ့တူနေသလဲဆိုတော့.. ကျီးကန်းအုပ်
တွေကြားထဲကို မအူမလည် ရောက်လာရှာတဲ့
နှံပြည်စုတ်လေးတွေကျနေတာပဲ။ဒါပေမယ့်..ဆွန်းရီကတော့..ပိုချောတယ်။ သူ့
ထက်ပိုပြီး ဟိတ်ဟန်လည်းကောင်းတယ်လေ
စစ်သူကြီးရဲ့ညီလေးကိုး။ စစ်သူကြီးအိမ်တော်
မှာ..အကောင်းစားဝတ်ရုံတွေ..အကောင်းစား
အစားအသောက်တွေနဲ့ ပျိုးထောင်လာတာ ခံခဲ့
ရသူဆိုတော့..မင်းညီမင်းသားပုံစံလေးပေါက်
တာလောက်ကတော့ အပြစ်ဆိုလို့မရဘူးပေါ့။" အကိုဂျီယုံး..ကျွန်တော်တို့ ဟိုဘက်စားပွဲမှာ
သွားထိုင်ရအောင်..”ဆွန်းရီကပဲ ဦးဆောင်ပြီး ရှေ့ကနေ လျှောက်
သွားတယ်။ စားပွဲမှာ ထိုင်လိုက်တဲ့အထိ..
ကိုယ်ရံတော်တွေရဲ့အကြည့်တချို့ကမလွှဲသေး
ဘူး။ တချို့ကနှာခေါင်းရှုံ့တယ်။ တချို့ကတော့
အာပလာကောင်တွေပါကွာဆိုတဲ့ အထာနဲ့
အထင်သေးသလိုကြည့်တယ်။ ဝိုင်းကြည့်နေ
သလို ဖြစ်နေတော့..ဆွန်းရီက ခေါင်းကို မသိ
မသာလေး ငုံ့ငုံ့သွားတာမို့..