“ မင်း သေချာပြီလား..ဆွန်းရီ..ဒါ နောက်ပြန်
လှည့်လို့မရဘူးနော်..တကယ်ပဲ အရာအားလုံး
နဲ့လဲနိုင်ပြီလား..”အကိုဆန်ဟွမ်းရဲ့အမေးစကားကို သူ နှစ်ခါပြန်
မစဉ်းစားပဲ ခေါင်းငြိမ့်ပြလိုက်တယ်။ နာကျည်း
ချက်တွေနဲ့ ပြေးထွက်သွားတဲ့ ထိုလူ့နောက်ကို
အမှီမလိုက်နိုင်ခဲ့လေခြင်းဆိုတဲ့ နောင်တတွေ
က တတိတိနဲ့တိုက်စားနေခဲ့တာမို့..ဒီ့ထပ်ပိုပြီး
နောက်မကျခင် သွားရှင်းပြချင်တာ။ကျွန်တော် ဒီလိုရည်ရွယ်ခဲ့တာမဟုတ်ပါဘူး..
ဟေးဝမ်ကို လိုချင်တယ်ဆိုလို့ အကို့နောက်ကို
ထည့်ပေးဖို့ ကြိုးစားခဲ့ပေမယ့်..ကျွန်တော်လေ
ကြိုးစားခဲ့ပါတယ်..တကယ်ပါ။အေးကနဲ ထိတွေ့လာတဲ့ ရေတွေနဲ့အတူ..သူ့
လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ အကို
ဆန်ဟွမ်းရဲ့လက်ဆီက အနွေးဓာတ်တချို့။မကြောက်ဘူးပြောရင် လိမ်တာပါ..ဒါပေမယ့်..
ကျွန်တော့်ကို အကို မုန်းများနေမလား ဆိုတဲ့
အတွေးတွေက ကျွန်တော့်ကိုနေ့တိုင်းသတ်နေ
တယ်..မက်နေကျ ကျွန်တော့်အိမ်မက်တွေထဲ
အကို ရောက်မလာတော့တာရော..ကျွန်တော့်
ကို သတိရရင်တောင် မကျေနပ်ချက်တွေနဲ့ဖြစ်
နေမှာကိုရော ပိုကြောက်မိပါတယ်။ပြီးတော့..ဘာလို့မှန်းမသိဘူး..ကျွန်တော့်ဘေး
မှာ အကိုမရှိတော့တဲ့အချိန်ကစပြီး ကျွန်တော်
မနေတတ်တော့ဘူး။ ကျွန်တော်ဟာကျွန်တော်
မဟုတ်တော့သလိုပဲ။အဲ့ဒါကြောင့်..အကို့နောက်ကိုလိုက်ဖို့ ဆုံးဖြတ်
ခဲ့တာ။နှစ်ယောက်သား တုန်တုန်ရီရီနဲ့ ရေပေါ်ကို
တက်လာတော့..ဒီဘက်ခြမ်းမှာ ညအချိန်ကြီး။
အလင်းပေးနေတဲ့ ဖြူဖြူအလုံးကြီးတွေအောက်
ကို သွားတော့ မီးတုတ်တွေလိုမျိုး အနွေးဓာတ်
လည်းမပေးပြန်ဘူး။ ထူးဆန်းလိုက်တာ..လင်း
တော့လင်းနေတယ်..မပူဘူးရော်..အဲ့မှာ စပြီး ဒုက္ခရောက်တာပဲ..ဒီနေရာကြီးမှာ
အကို့ကို ဘယ်လိုရှာရမှာပါလိမ့်။“ ဆွန်းရီ..ဒီဘက်ခေတ်က လူတွေကလည်း
ငါတို့လို နန်းဆောင်တွေနဲ့နေတာပဲလား..”