ခန္ဓာကိုယ်က အေးစက်တောင့်ခဲသွားပေမယ့်..
ရင်ထဲက အပူေ၀ဒနာတွေက လောင်မြိုက်နေ
ဆဲပါပဲ။ ရေခဲရေကန်က ရေတွေဘယ်လောက်
အေးအေး..သူ့မျက်ရည်တွေကို မခဲသွားစေနိုင်
ဘူး။ ပါးပြင်မှာပူနွေးနေဆဲမျက်ရည်စီးကြောင်း
တချို့ရှိတယ်။ ကန်အောက်ခြေကို ရောက်လေ
မဲမှောင်လာလေ..ပိုပြီးအေးစက်လာလေ။ဘာဖြစ်လို့များ..မင်း ငါ့ကိုလိမ်ရက်ခ့ဲရတာလဲ..
တချိန်လုံး မင်း ငါ့အနားမှာ လူလိမ်တယောက်
အဖြစ် ဘယ်လိုများ လိပ်ပြာသန့်သန့်နဲ့နေနိုင်ခ့ဲ
ရတာလဲ..ဟေး၀မ်ကို ငါလုသွားမှာစိုးရိမ်ခ့ဲတာ
လား။ ဘာလို့ စိတ်ထဲကမပါတ့ဲ ဂရုစိုက်မှုတွေ
ကာကွယ်စောင့်ရှောက်ပေးတာတွေ မလိုအပ်
တ့ဲ ရင်းနှီးမှုတွေပေးခ့ဲရတာလဲ။ တကယ်ပဲ..ငါ့
ကို မင်း ဘယ်လိုသဘောထားခ့ဲတာလဲ။အဖြေမရှိတ့ဲမေးခွန်းပေါင်းများစွာကချားရဟတ်
တွေလို သူ့ခေါင်းထဲမှာချာချာလည်လို့နေတယ်
အဖြေကိုလည်း မသိချင်တော့ပါဘူး။ငါက ကြာကူလီကောင်သာသာဘ၀ကိုရောက်
ခ့ဲတ့ဲသူပါပဲလေ..သိက္ခာတွေလည်း မြေမှာချနင်းခံလိုက်ရသလို
ရစရာ မရှိအောင် ကွဲခ့ဲရတ့ဲ အရှက်တွေလည်း
ပြန်အဖတ်ဆည်လို့ရမှာမှ မဟုတ်တော့တာ။ရေတွေကို တ၀ကြီးမြိုချပစ်လိုက်တယ်။ အေး
ကနဲ ဖြစ်သွားတ့ဲ လည်ချောင်းကနေ တဆင့်
အစာပြွန် အစာအိမ်ထိ ရေတွေဖြတ်ပြီးစီးဆင်း
သွားတာကို ခံစားလိုက်ရပြီးနောက် အသက်ရှူ
ကျပ်လာတယ်။အရင်က သေမှာကြောက်ခ့ဲပေမယ့် အခုတော့
သေသွားရင်လည်းကောင်းတယ်ဆိုတ့ဲ..လက်
လျှော့လိုမှုတွေ။မင်းကြောင့်မို့ ဆိုတာ..မင်း ဘယ်တော့မှ မသိ
နိုင်တော့ဘူး ဆွန်းရီ..ရည်မှန်းချက်ကြီးတွေနဲ့
အရောင်တောက်နေတတ်တ့ဲမင်းမျက်၀န်းတွေ
ထဲမှာ..ရွံစရာကောင်းတ့ဲ ဖုံးကွယ်မှုတွေ ရှိလိမ့်
မယ်လို့ ငါမတွေးခ့ဲမိသလို တခါတရံမှပြုံးတတ်
တ့ဲ မင်းအပြုံးတွေကဟန်ဆောင်စရာမျက်နှာဖုံး
သက်သက်တခု ဖြစ်လိမ့်မယ်လို့ ငါ့စိတ်ကူးထဲ
မှာတောင် မထင်ခ့ဲမိဘူး။