“ ဂျီယုံးရေ..မင်း ဖုန်းလာနေတယ်..”
အဖွဲ့ခေါင်းဆောင်က လှမ်းအော်ပြောနေတာမို့
လက်ထဲက ကိုင်ထားတ့ဲ ၀တ်စုံတွေကိုပစ်ချပြီး
ဖုန်းဆီအမြန်ပြေးကိုင်လိုက်ရတယ်။ ဆွန်းရီက
ဆက်တာဆိုတော့..တခုခုများဖြစ်နေမလားဆို
ပြီး စိတ်ကလည်းပူသွားတာပေါ့။“ ဟလို..ဆွန်းရီ..ဘာဖြစ်လို့လဲဟင်..”
“ ဘာမှမဖြစ်ပါဘူး..အကို့ကို ဒီတိုင်းသတိရလို့
အကို့အသံလေး ကြားချင်လို့ပါ..”“ သြော်..ငါက မင်း တခုခုဖြစ်လို့ ဆက်တယ်
ထင်ပြီး လန့်သွားတာ..အ့ဲဒါဆို ပြီးမှ ပြန်ဆက်
လိုက်မယ်.. အခု အရမ်းအလုပ်ရှုပ်နေလို့..”တဖက်ကပြန်ဖြေတာကိုတောင်နားမထောင်ပဲ
ဖုန်းကိုချပြီး ၀တ်စုံတွေမှားသွားမှာစိုးလို့ အမြန်
ပြန်ပြေးရတော့တယ်။ အခုလုပ်ဖို့ပြင်ဆင်နေရ
တ့ဲ နွေဦးဖက်ရှင်ရှိုးပွဲက သူတို့ကုမ္ပဏီအတွက်
အရမ်းအရေးကြီးတ့ဲပွဲလေ။အမတို့ဒီဇိုင်နာတွေ
စိတ်ရောကိုယ်ပါနှစ်ပြီး ပြင်ဆင်ထားခ့ဲရတ့ဲပွဲမို့
နည်းနည်းလေးမှ လွဲချော်သွားလို့မဖြစ်ဘူး။၅ မိနစ်ခြား တခါပို့တ့ဲ message တွေ..
စာမပြန်ရင် ၁နာရီခြား တခါလောက် ဖုန်းခေါ်
တတ်တာတွေက..အရင်ကတော့ ဘာမှမဖြစ်
ပေမယ့်..အခုလိုမျိုး ဟပ်ထိုးလဲမတတ် အလုပ်
များနေတ့ဲအချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်ရ
တာတော့ အမှန်ပဲ။ ဆွန်းရီတယောက်တော့..
ဖုန်းရပြီးကတည်းက မျောက်အုန်းသီးရသလိုပဲ
တရစပ်ကို သူ့ဆီ message ပို့လိုက်..ဖုန်းခေါ်
လိုက်နဲ့။အ့ဲကောင်လေး ဖုန်းကလိသမျှတွေကို
ဂျီယုံးမှာ နေ့တိုင်း ဒဏ်ခံနေရတယ်။တိုက်ခန်းကိုပြန်ရောက်ရင်လည်း ရိုက်ထားတ့ဲ
selfie ပေါင်း သောင်းခြောက်ထောင်ကို ပြန်ပြ
ရတာကအမော။အ့ဲဖုန်းသုံးဖို့ပဲ စိတ်အားထက်
သန်ပြီး စိတ်၀င်တစားဖြစ်နေတ့ဲ ဒင်းကြောင့်မို့
ဖုန်း၀ယ်ပေးလိုက်မိတာ မှားပါပြီလို့ ထိုင်အော်
ချင်လာတ့ဲအထိပါပဲ။“ အကိုဂျီယုံး..ကျွန်တော့်ဆီ ဖုန်းပြန်ဆက်လို့
ပြောပြီး ဖုန်းလည်းပြန်မဆက်ဘူး..ကျွန်တော်
က တညနေလုံးထိုင်စောင့်နေတ့ဲဟာကို..”