41

145 17 2
                                    

ဆွန်းရီနဲ့ဆက်ပြီးရန်ဖြစ်နေရဦးမှာကို တွေးရင်း
အိမ်ပြန်ချင်စိတ်မရှိဘူး ဖြစ်နေတယ်။ သူ့ကိုယ်
သူတောင်မပိုင်ပဲ တဖက်လူကို အပိုင်လိုချင်တဲ့
မျှော်လင့်ချက်ဆိုတာကို တကယ်မုန်းတယ်။

တကယ်ကြီး ပိုင်ပါပြီတဲ့..ထားခဲ့ရမှာပဲမို့လား။
အနာပေးလိုက် ဆေးကျွေးလိုက်..ကျွေးနေတဲ့
ဆေးက အဆိပ်မှန်းသိသိကြီးနဲ့လည်း အသေ
ခံပြီး ကျေကျေနပ်နပ် စားပေးရမှာလား။ ကျန်ခဲ့
ရမယ့်နေ့ရက်တိုင်းအတွက် အဆိပ်သင့်နေတဲ့
နှလုံးသားနဲ့ ဆက်ရှင်သန်နေခဲ့ရမှာလား။

ဒီမှာ တသက်လုံးနေမှာမှ မဟုတ်တာဆိုပြီး..
ဘာလို့ အကို့ကိုလိုအပ်ပါတယ်လို့ပြောထွက်ခဲ့
တာတုန်း။ အေးပါ လုပ်စမ်းပါ..မင်းက အဓိက
ဇာတ်ဆောင်ကြီးပဲဟာ..ဒီကကောင် သေသေ
ရှင်ရှင် ဂရုမစိုက်နဲ့ပေါ့။

အပြစ်မပြောသင့်မှန်းသိပေမယ့်..ဂျီယုံး အငေါ်
တူးချင်မိတယ်။စိတ်ထဲကပါ။ လူချင်းဆိုရင်..အဲ့
မျက်နှာလေးကို မြင်ပြီး စကားနဲ့နာကျင်အောင်
လုပ်ဖို့နေနေသာသာ အပိုင်သိမ်းထားပစ်လိုက်
ချင်တဲ့စိတ်တွေက တဖွားဖွားနဲ့မို့..အရှုံးသမား
ကြီး ဖြစ်နေရတာပေါ့။ စိတ်ဆိုးသွားတဲ့ ဆွန်းရီ
ကို ချော့ဖို့ကလည်း..သူ့ဟာသူတောင် သူ့စိတ်
သူ အနိုင်နိုင်ရယ်။ ဆွန်းရီကပေးတဲ့ ခံစားချက်
ပေါင်းသောင်းခြောက်ထောင်ကြောင့် ရူးမသွား
အောင် လွတ်ထွက်မသွားအောင် မနည်းထိန်း
နေတဲ့လူလေ။ ရင်မဆိုင်ရဲရှာဘူး။

အဲ့လိုနဲ့..မတွေ့ရတာကြာပြီဖြစ်တဲ့ဒယ်ဆောင်း
ဆီကိုပဲ ရောက်သွားတော့တယ်။ မျက်နှာသေ
ကြီးနဲ့ ရောက်ချလာတဲ့သူ့ကို မြင်ပြီး အံ့တောင်
သြသွားလေရဲ့။ အချိန်တန် အိမ်ပြန်ပြီး အပျော်
အပါးနဲ့ဝေးလာဝေးလုပ်နေလို့ လင်ရမှ ခြေငြိမ်
သွားတယ်လို့ အပြောခံထားရတာလေ။

အခုညကြီးမိုးချုပ် အဆောင်ကိုရောက်ချလာပြီး
အခန်းထောင့်မှာ ခွေနေတော့..

" ဘာဖြစ်လာတာတုန်း..မင်းက "

" ဘီယာတိုက်.."

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now