ဆွန်းရီက ထဖို့ပြင်လိုက်ပေမယ်..ခြေထောက်
တွေမှာ အားမရှိသလိုပြန်ပြုတ်ကျလို့လာတယ်
ဖေးကူလိုက်တ့ဲ ဂျီယုံးကို ဆို့နင့်နေတ့ဲ မျက်လုံး
တွေနဲ့ ေ၀့ကြည့်လာပြီး..“ အကိုယောင်ဘေးမရှိတော့ဘူး..ကျွန်တော်
တို့ ချွဲစစ်သူကြီးနဲ့တွေ့ဖို့ စောင့်နေတုန်းမှာပဲ..
ချွဲစစ်သူကြီးကို နန်းတွင်း၀င်ခွင့်မပေးတ့ဲအပြင်
မြို့တော်ထဲကိုတောင် ခြေချခွင့်မပေးဘူးဆိုတ့ဲ
သတင်းရလာခ့ဲတယ်..”လတ်တလော ဖြစ်ပျက်သွားခ့ဲတ့ဲအဖြစ်အပျက်
တွေကို လက်မခံချင်ပေမယ့်..ဆွန်းရီခမျာ
လက်မခံလို့မရတ့ဲ အခြေအနေမို့ အံကြိတ်ကာ
အသက်ကိုပြင်းပြင်းရှူလိုက်ရင်း..“ ကျွန်တော်တို့လည်း ဘုရင့်နန်းဆောင်ဆီကို
ရောက်သွားခ့ဲကြတာပေါ့..ဘုရင်က ညီလာခံ
မတက်မချင်း ကျွန်တော့်တို့ကိုတွေ့ခွင့်မပေးဘူး
ဆိုပြီး အကြောင်းကြားလာတယ်..အ့ဲဒါ တခုခု
မူမမှန်တော့ဘူးဆိုတာ သိသိချင်းပဲ..အကို့ကို
ကာကွယ်ပေးနိုင်ဖို့အတွက်ကိုယ်ရံတော်တပ်ဖွဲ့
တွေကို အဆင်သင့်ပြင်ထားပေးခ့ဲတာ..”“ နန်းစောင့်ရဲမက်တွေက ဘာလို့ငါ့ကိုလာဖမ်း
ကြတာလဲ..ဟေး၀မ် နဲ့တွေ့ခ့ဲတ့ဲ အဆောင်မှာ
ရော သူတို့ကိုတွေ့ခ့ဲတယ်..”“ အကို့က ကျွန်တော်နဲ့အတူတူပါလာတ့ဲလူမို့
ဘုရင်က အသစ်တင်မြှောက်ထားတ့ဲမိဖုရားက
မြောက်ဘက်ပြည်နယ်ရဲ့ တော်၀င်မျိုးဆက်တ့ဲ
အတွင်းရေးသတင်းတွေအရတော့..အ့ဲမိဖုရား
က ကျွန်တော်တို့နန်းတွင်းမှာမရှိတုန်း အမတ်
ချုပ်တွေနဲ့ပူးပေါင်းပြီး နန်းတွင်းတခုလုံးကိုခြယ်
လှယ်နေခ့ဲတယ်တ့ဲလေ..ညီလာခံမှာ ကိုယ်ပိုင်
အုပ်ချုပ်ရေးပေးဖို့ ကျွန်တော် တောင်းဆိုလိုက်
တ့ဲအခါ တချို့အမတ်တွေက အပြင်းအထန်ကို
ကန့်ကွက်ကြပြီး ဘုရင်ကိုယ်တိုင်ကျွန်တော့်ကို
ပုန်ကန်မယ့်အပြစ်သားလို့ စွပ်စွဲလာခ့ဲတယ်..
ဟေး၀မ်ကိုလည်းကြံရာပါအဖြစ် အဆောင်မှာ
အကျယ်ချုပ်ချထားတယ်လို့ ကြားတယ်..”တင်းမာနေတ့ဲမျက်နှာထားက ဒေါသကြောင့်မို့
သွေးရောင်လွှမ်းသွားတယ်။ ကျစ်နေအောင်
ဆုပ်ထားတ့ဲ လက်သီးဆုပ်တွေက ဂူနံရံကို ထိ
ခတ်လိုက်တ့ဲအခါ မြေစာတွေတောင် ဖွာထွက်
သွားကြတ့ဲအထိပဲ..မလင်းတလင်း မီးတုတ်
မီးရောင်အောက်မှာ ဆွန်းရီရဲ့ပုံစံက ခုချက်ချင်း
မီးမှုတ်ထုတ်လိုက်မယ့် နဂါးတကောင်လိုပဲ။ ေ
တောက်လောင်နေတ့ဲ စိတ်အာရုံတွေ အပြည့်