" ဆွန်းရီ..ဟေးဝမ်လေးက ငါ့ကို တချိန်လုံးပဲ
ကြည့်နေတာနော်.."ဂျီယုံးမှာ..အဆောင်ဆီ အပြန်လမ်းတလျှောက်
လုံး..ခြေထောက်နဲ့မြေကြီးနဲ့မထိသလိုမြှောက်
ကြွမြှောက်ကြွ ဖြစ်လို့နေတယ်။ စကားတွေ
အများကြီးမပြောဖြစ်လိုက်ပေမယ့် ဟေးဝမ်က
သူ့အပေါ် အာရုံရှိနေတယ် ဆိုတာ သိလိုက်ရ
တော့ ပျော်တာပေါ့။ ကိုယ့် crush လေးက
ကိုယ့်ကို ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးဖို့
ဆွန်းရီ ကိုတောင် တကူးတက မှာလိုက်သေး
တယ်။ လောကကြီးဟာ သာယာလှပ..သူကသာ ပျော်နေတာ..ဆွန်းရီက သိပ်မျက်နှာ
မကောင်းဘူး။ ဟေးဝမ်ကို မကြိုက်ပါဘူးလို့
အစကတည်းကပြောထားလို့သာ..မဟုတ်ရင်
ဒီပုံစံကြီးက သူနဲ့ဟေးဝမ်ကို သဘောမကျဘူး
လို့ တွေးချင်စရာတောင်ဖြစ်နေပြီ။ပြောရင်ကျ..အကိုဂျီယုံး လိုချင်ရင် ပေးမှာလေး
ဘာလေးနဲ့ ဗလောင်းဗလဲလုပ်ချင်နေတာလား
ဒီကောင်" ဆွန်းရီ..ငါ ပြောနေတယ်လေ.."
" ဟုတ်..အကို..ဘာပြောလိုက်တာလဲ..
ကျွန်တော် မကြားလိုက်လို့ "" မင်း ဘာဖြစ်နေတာတုန်း..စိတ်နဲ့လူနဲ့ မကပ်
သလိုပဲ..ဟေးဝမ်နဲ့ ငါနဲ့ကိုမနာလိုနေတာလား "" ဗျာ..ဘာလို့ အဲ့လိုမေးတာတုန်း အကိုရ.."
" မင်းပုံစံက အဲ့လိုကြီးဖြစ်နေလို့ပေါ့..
ခုနကတည်းက မအီမလည်မျက်ခွက်ကြီးနဲ့..
အခုလည်း ငါ ပြောနေတာကို အာရုံမရှိဘူး.."" မဟုတ်ပါဘူး အကိုရာ..ကျွန်တော် တခြား
တွေးစရာလေးတွေရှိနေလို့ပါ.."" အဲ့ဒါဆို ငါနဲ့ ဟေးဝမ်ကို မင်း ဘယ်လို
သဘောရလဲ.."ဆွန်းရီက ချက်ချင်းမဖြေပဲ လမ်းလျှောက်နေရာ
ကနေ ခြေလှမ်းတွေရပ်သွားတယ်။ အပြန်
အလှန်လှည့်ကြည့်လိုက်တဲ့အခါ အရပ်ချင်းက
မတိမ်းမယိမ်းမို့ မော့လည်းမကြည့်စရာမလို..
ငုံ့လည်းကြည့်စရာမလိုပဲ..တခဏစာလောက်
လေး အကြည့်ချင်းဆုံနေမိလေရဲ့။ဒီကောင်လေးရဲ့ မျက်ဝန်းတွေထဲက လှုပ်ခတ်
နေမှုတွေကို အဖြေရှာလို့မရခဲ့။ သူ ၀မ်းနည်း
နေတယ်လို့ ငါ ဘာလို့ ခံစားမိနေရတာပါလိမ့်။
ငါ့ကို မနာလိုတဲ့အကြည့်တွေတော့မဟုတ်ဘူး
ဒါဆို သူ ဘာဖြစ်နေတာလဲ။