ဆိုင်အပြင်ခပ်လှမ်းလှမ်းက လမ်းကြားလေးထဲ
ထိ..သူစိတ်ပေါက်ပေါက်နဲ့လျှောက်လာခ့ဲလိုက်
တယ်။ ခပ်မှိန်မှိန် လမ်းမီးတိုင်အောက်မှာ ရပ်
နေရင်း နောက်ကလိုက်လာတ့ဲဆွန်းရီကိုကျော
ပေးမိပြန်တယ်။မျက်နှာချင်းမဆိုင်ချင်တ့ဲအထိ သူစိတ်ပျက်နေမိ
တာ အမှန်ပဲ။" မင်း အ့ဲမှာ ဘာဆက်လုပ်နေသေးတာလဲ.."
သူ့အသံမှာရင်းနှီးမှုတွေမပါသလို..အက်ကွဲနေ
တ့ဲ ဒေါသတွေကိုထိန်းပြီးပြောလိုက်တာမို့..အံ
ကြိတ်သံ ဖြစ်သွားတယ်။ ဒီကောင်လေးကို သူ
ဘယ်လိုဆက်ဆံရမှန်းမသိတော့သလို ဘာကို
ဒေါသပုန်ထနေမိမှန်းလည်းမသိတော့ဘူး။အေးအေးဆေးဆေး ဘုရင် လုပ်မနေပဲ လိုက်
လာလို့လား..သူများတွေကိုဖောဖောသီသီပေး
နေတ့ဲ အ့ဲအပြုံးတုတွေကြောင့်လား..တချိန်လုံး
သူ့ကိုပဲ ကြည့်နေလို့လား..တမင် ရို့ကျိုးပြနေရ
တ့ဲ ပုံစံတွေကြောင့်လား..ကီကို့ကြောင့်လား..
သူမဟုတ်ပဲ တခြားတယောက်ကို မျက်နှာငယ်
နဲ့ တောင်းပန်ရလို့လား..ရေရေရာရာ အဖြေရှာလို့မရဘူး။ ဒါပေမယ့်..
ကီကို ရွွှယ်လိုက်တ့ဲလက်ကြောင့် ဒေါသတွေ
ငယ်ထိပ်ဆောင့်တက်သွားတာ သေချာတယ်။" အကိုဂျီယုံး..ကျွန်တော့်ကို စိတ်ဆိုးနေတုန်း
ပဲလား.."ဒီမေးခွန်းက မေးမှကိုဖြစ်မှာလား..ဒီလိုပုံစံကြီး
နဲ့ ဒီလိုအခြေအနေမျိူးမှာလေ.." မင်း ငါ့ဆီက ဘာမျှော်လင့်နေတာလဲ..မင်း
မျက်နှာမြင်တာနဲ့ မင်း ငါ့ကိုလိမ်ထားတာတွေ
အကုန်မေ့ပစ်လိုက်ပြီး မင်းကိုပျော်ပျော်ရွှင်ရွှင်
နှုတ်ဆက်နိုင်ဖို့လား..sorry ပဲ..ငါ အ့ဲလောက်
အမှတ်သည်းခြေမရှိတ့ဲကောင်မဟုတ်ဘူး.."" ဟေးဝမ်ကို အကို့ဆီ ပေးဖို့.."
ဆွန်းရီစကားဆုံးအောင်မပြောလိုက်ရသေးခင်
ဂျီယုံးက မီးဝင်းဝင်းတောက်နေတ့ဲမျက်လုံးတွေ
နဲ့ လှည့်ကြည့်လာပြီး.." ငါ့ကိုကြာကူလီဇာတ်သွင်းနေတာတွေ ဆက်
မပြောလို့မရဘူးလား..အခုချိန်ထိ သူ့ကို ငါ့ဆီ
ပေးချင်ပါတယ်ဆိုတ့ဲ စကားကို ဘာသဘောနဲ့
မင်း ပြောထွက်နေရတာလဲ..မင်း ဒီအထိလိုက်
လာပြီး ငါ့ကိုတမင်စောက်ရှက်ခွဲနေတာလား "