“ အကိုဂျီယုံး..အဲ့ဒါဆို ကျွန်တော်နဲ့အတူ
နန်းတွင်းထဲလိုက်ခဲ့မယ်မလား..”“ လိုက်ရတော့မှာပေါ့ မင်းကလည်း..
ကိုယ်ရံတော်တပ်ဖွဲ့ထဲမှာ ငါတယောက်တည်း
မနေချင်ခဲ့ချင်ပါဘူး..ငါက မင်းနဲ့ပဲသိတဲ့ဟာကို
မင်းမရှိရင် ယောင်လည်လည်ကြီးဖြစ်နေမှာ..”အမှန်တော့..ဟေးဝမ်လေးနဲ့တွေ့ချင်တာပါ။
ဟေးဝမ်လေးကလည်း..ငါ့ကိုတွေ့ချင်နေမှာ
သေချာတယ်။ သူက မိန်းကလေးဆိုတော့..ငါ့
ကိုအရင်လာတွေ့ဖို့ ရှက်ရှာမှာပေါ့။
အဲ့ဒါကြောင့်..ငါ့ဘက်ကပဲ အလိုက်တသိလေး
သွားတွေ့ပေးရမယ်။ မောင့်အိမ်ရှေ့စံလေး
အတွက်ဆိုရင် ဓားတောင်ပဲကျော်ရကျော်ရ..
မီးပင်လယ်ပဲဖြတ်ရဖြတ်ရ..ရအောင် သွားတွေ့
မယ့် ဒီကကိုယ်ရံတော်တပ်မှူးလေး..အဟေး..ရေချိုးပြီးတော့..ဆွန်းရီက ဘယ်ကတည်းက
ယူလာမှန်းမသိတဲ့ အ၀တ်အစားအသစ်တွေ
လာဝတ်ပေးပြန်တယ်။ ဒီတခါတော့ စိမ်းဖန့်
ဖန့် ကိုယ်ရံတော်ရဲမက်ဝတ်စုံမဟုတ်တော့ပဲ..
ကြက်သွေးရင့်ရောင် ပိုးသားဝတ်ရုံ အရှည်နဲ့
မေးသိုင်းချည်ရတဲ့ဦးထုပ်နဲ့။ မသိရင်..သူ့ပုံစံက
နန်းတွင်းအရာရှိပေါက်စလိုလို.. အိမ်တော်
သခင်လေးလိုလိုနဲ့။ ကြည့်လို့အကောင်းသား။
ဆွန်းရီကတော့.. ကြည်ပြာရောင်ပိုးသားဝတ်ရုံ
အရှည်နဲ့..ဦးထုပ်ဘေးမှာ ကျောက်ပုတီးလှလှ
လေးတွေကတွဲလွဲခိုလို့။ရာဇ၀င်ဇာတ်ကားတွေ
ထဲက တကယ့်သခင်လေးအတိုင်းပဲ။ ခါးမှာ
လည်း ပိုးကြိုးအနီနဲ့ချည်ထားတဲ့ကြည်တောက်
နေတဲ့ ကျောက်စိမ်းပြားကို ဆွဲချည်ထားသေး
တယ်။ကျောက်မျက်ရတနာတွေနဲ့ပတ်သတ်ပြီး
သိပ်စိတ်မ၀င်စားပေမယ့်..ခန္ဓာကိုယ်ပေါ်မှာ
အလှဆင်ရတာမျိုးကိုတော့ သဘောကျသလို
လိုရှိတာမို့..ကိုင်ကြည့်လိုက်မိတော့တာပေါ့။“ ဆွန်းရီ..မင်းရဲ့ကျောက်စိမ်းပြားအဆင်က လှ
လိုက်တာ..ကြည်လဲ့နေတာပဲ..”“ ကျွန်တော့်အမေက ပေးထားတာလေ..”
“ ဟုတ်လား..အယ်..ခုမှသေချာကြည့်မိတယ်
နှစ်ခုတောင်နော်..နှစ်ခုကပူးပြီးချည်ထားတော့
တခုတည်း ထင်နေတာ..”