" ချွဲဆန်ဟွမ်း..ချွဲဆန်ဟွမ်းလို့..ဟေ့လူ..အ့ဲမှာ
ဘာလုပ်နေတာတုန်း..ရေချိုးနေရင်း လေဖြတ်
သွားတာလား..မြန်မြန်လုပ်.."ရေချိူးခန်းရှေ့မှာ ခါးထောက်ပြီး ကုန်းအော်နေ
တ့ဲ သူ့ကိုကြည့်ရင်း ဆွန်းရီက ရယ်တယ်။" ဘာရယ်တာလဲ..မင်းအကို တမနက်လုံး အ့ဲ
ရေချိုးခန်းထဲကကို ထွက်မလာသေးဘူး.."" ဒီနေ့ အကိုဒယ်ဆောင်းနဲ့ coffee date ကြ
မှာ ဆိုလား.."" ဟွင်း..ကော်ဖီဆိုင်မှာ အလုပ်လုပ်နေတ့ဲသူ
က coffee date တ့ဲ..ကျပ်ရောပြည့်ရဲ့လားပဲ
ကြောင်တောင်တောင်နဲ့.."" အကိုဂျီယုံးကလည်း..ကြားသွားဦးမယ်.."
ဆွန်းရီက အသံမထွက်အောင် တခွိခွိန့ဲ ကြိတ်
ရယ်ပြီး မီးဖိုချောင်ထဲကို ဝင်သွားလေရဲ့။ပြောလို့သာပြောတာပါ..သူနဲ့ဆွန်းရီလည်း ဟို
တခါလျှောက်လည်ကြတာကလွဲရင် date တာ
မျိုးတွေလည်း မလုပ်ဖူးသေးဘူး။ သူ့အလုပ်က
ပွဲတွေ..shooting တွေနောက်ကို တချိန်လုံးပဲ
လိုက်နေရတာဆိုတော့..တနင်္ဂနွေလို နားရက်
တောင် အပြည့်မနားရဘူးလေ။ ပြန်လာတာနဲ့
ပင်ပန်းလွန်းလို့ အပြင်ထွက်ချင်စိတ်တောင်မရှိ
ဘူး။ အိမ်ထဲချည်းနေရတ့ဲ ဆွန်းရီကတော့ ပျင်း
နေရှာမှာပဲ။မီးဖိုချောင်ထဲမှာ မနက်စာအတွက်ကြက်ဥတွေ
ကြော်နေတ့ဲ ဆွန်းရီကို ချောင်းကြည့်မိတယ်။
အခုတလော ဒင်းကို အပြင်ခေါ်မသွားဖြစ်တာ
ကြာနေပြီ။ အပြင်သွားချင်မလားမသိဘူး။" ဆွန်းရီ.."
" ဟုတ်.."
" ဟို..ညနေကျရင် တခုခုသွားစားကြမလား "
" ညနေက ဟင်းချက်ဖို့ အသားတွေတောင်နှပ်
ထားပြီးပြီ..နောက်မှသွားစားမယ်လေ.."" သြော်..အင်းပါ..ဒါဆိုလည်း.."
တကယ်တော့ သူ့လက်ထဲမှာလည်းပိုက်ဆံက
သိပ်မကျန်တော့ဘူး။ လကုန်ဖို့က လိုသေးတာ
ဆိုတော့..ဒီကြားထဲ မလိုတာတွေမဖြုန်းပစ်မိဖို့
ကိုယ့်စိတ်ကိုထိန်းလိုက်ရတယ်။နှစ်ယောက် အတူတူ ညစာစားကြမှာပဲလေ..
ဆိုင်မှာပဲစားစား..အိမ်မှာပဲစားစား ဘာမှမကွာ
ပါဘူးပေါ့..ဟုတ်တယ်မလား။ ဘယ်နေရာမှာ
နေနေ..နှစ်ယောက်အတူရှိရင်ပြီးတာပဲမို့လား