နှင်းတွေရဲ့ကြား..သူ့ရင်ခွင်ထဲမှာ လဲကျသွားတဲ့
ဂျီယုံးကို..ဆွန်းရီ အလန့်တကြားနဲ့ပွေ့ထူလိုက်
ပြီး အသက်ရှူနှုန်းကို အရင်စမ်းတော့ အသက်
ငွေ့ငွေ့လေးပဲ ကျန်ရှိနေတာကို သတိထားမိပြီး
တော်တော်လေးလည်း လန့်သွားရတာပေါ့။ပြာနှမ်းနေတဲ့ နှုတ်ခမ်းလေးကို ငုံ့ကြည့်မိတော့
အလိုအလျောက်ပဲတံတွေးကိုတချက်မြိုချလိုက်
ရင်း..အမြန်ပွေ့ချီကာ စခန်းဆီ အမြန်ပြန်လာရ
တော့တယ်။ကိုယ်ရံတော်တွေက ကူပွေ့ပါ့မယ်
ပြောပေမယ့်သူ့လက်မောင်းတွေမှာခိုတွယ်နေ
တဲ့အကို့ကို သူများဆီမပေးလိုက်ချင်ဘူး။ ငယ်
ငယ်လေးကတည်းက သူ့အပိုင်ရယ်လို့မရှိခဲ့တဲ့
ဒီလောကကြီးမှာ.အကို့ကို သူ့အပိုင်အဖြစ် သူ့
အနားမှာပဲ ထားချင်မိတယ်။ ဒီအတိုင်း..အကို
တယောက်အဖြစ်နဲ့။မီးဖိုတွေဖိုပြီး အကို့ကိုနွေးစေပေမယ့်..အအေး
ဓာတ်တွေကလျော့ကျမသွားသေးဘူး ဒုက္ခပါပဲ
ဘယ်လိုလုပ်ရပါ့မလဲ။ အကို့တကိုယ်လုံး အေး
စက်နေတာမှ ရေခဲလိုပဲ။ဘာလို့များ ဒီလောက်
အေးနေတာကိုမညီးမညူပဲ ဘေးနားမှာ ရပ်နေ
ပေးတာပါလိမ့်။ ဘာလို့များ တခါမှမငြင်းဆန်ပဲ
သူ ပြောသလို အကုန်လိုက်လုပ်ပေးနေတာပါ
လိမ့်။ ဘာလို့များ ဒီလိုအသက်အန္တရာယ်တွေ
ကြားထဲမှာ မကြောက်မလန့်နဲ့နေရာတကာကို
လိုက်ပေးနေတာပါလိမ့်။အကိုကကိစ္စအကြီးကြီးတွေကို ခြုံငုံတွေးတော
ပြီး ဝေဖန်ကောက်ချက်ချနိုင်မေယ့် အနီးအနား
က အလိမ်အညာတခုကိုတော့ အခုထိ မရိပ်မိ
ရှာသေးဘူး။ ဟေးဝမ်ကြောင့်တဲ့လား အကိုရာ
သူ့ကိုသဘောကျတယ်ပေါ့။မီးဖိုဘေးမှာ ဘယ်လိုမှနွေးမလာနိုင်တဲ့အဆုံး
ဆွန်းရီမှာ ဂျီယုံးကိုပွေ့ချီကာ ကုတင်ပေါ်တင်ရ
ပြန်တယ်။ နှင်းရေစက်တွေကြောင့် အေးစက်
တောင့်ခဲနေတဲ့ ဝတ်ရုံတွေကို အကုန်ချွတ်ကာ
အသားချင်းထိတွေ့ပြီး ကိုယ်ငွေ့နဲ့နွေးစေတော့မှ..အအေးဓာတ်တွေလျော့ကျသွားတော့တယ်ဒါပေမယ့်..အေးလို့တုန်လာတဲ့ ဂျီယုံး.. အနား
က အပူငွေ့ပေးနေတဲ့ ခနာကိုယ်ကို အငမ်းမရ
လှမ်းဆွဲဖက်ကာ တက်ပါခွထားတော့တာပေါ့။