“ အကိုဆန်ဟွမ်း..ဒီဘက်က ကျွန်တော်ပြော
ပြထားတ့ဲ အကိုဂျီယုံးလေ..အကိုဂျီယုံး..ဒါက
ချွဲစစ်သူကြီး..”“ ဟုတ်က့ဲ တွေ့ရတာ၀မ်းသာပါတယ်..”
ဂျီယုံးက လေးစားသမှုနဲ့ သေသေချာချာ ရို့ရို့
ကျိုးကျိုးနှုတ်ဆက်လိုက်ပေမယ့် ထိုလူကတော့
အသိအမှတ်ပြုရုံလောက်သာ ခေါင်းညိမ့်ပြပြီး
ဆွန်းရီဘက်ကို လှည့်သွားကာ..“ ယောင်ဘေးအတွက် ငါစိတ်မကောင်းဘူး ”
ညီအကိုနှစ်ယောက်လုံးရဲ့ရင်ထဲမှာတော့..
၀မ်းနည်းစိတ်တွေတော့ ရှိနေကြမယ်ထင်ပါရဲ့။
မျက်နှာပေါ်မှာ ဘာအမူအရာမှ ကျန်ရှိမနေဘူး
တမင်တကာထိန်းချုပ်ထားကြရတာနေမှာပေါ့။
ဘေးပတ်၀န်းကျင်မှာ လက်အောင်ငယ်သား
တွေနဲ့မို့လား။ခေါင်းဆောင်တွေကအစ ပူဆွေး
ပြနေလို့ ဘယ်ဖြစ်ပါ့မလဲ။“ ကျွန်တော် အနောက်ဘက်ပြည်နယ်ကို
ချက်ချင်းသွားချင်တယ်..အကိုက ဒီဘက်ကနေ
ပြင်ဆင်ထားပေးမယ် မလား..”“ ဆွန်းရီ..ငါတို့ဒီအစီအစဉ်ကို အရင်ကတည်း
ရေးဆွဲခ့ဲတယ်ဆိုပေမယ့်..အ့ဲအချိန်တုန်းက
အနောက်ဘက်ပြည်နယ်တော့ မပါခ့ဲဘူးလေ..
မင်း အ့ဲကိုသွားလို့ဖြစ်ပါ့မလား ငါ စိတ်မချဘူး ”
“ အကိုဂျီယုံး ပါတာပဲ..အဆင်ပြေမှာပါ..”ငင်..အကောင်လေးရေ..ငါတောင် မင်းအရိပ်
အောက်မှာ ခိုလှုံနေရတာလေကွာ..ဘယ်လို
ဖြစ်လို့..ငါ့ကိုစူပါဟီးရိုးကြီးလိုမျိုး သဘောထား
နေရတာတုန်း။ဂျီယုံးမှာ မအီမလည်ကြီး။ ပိုဆိုးတာက..အ့ဲ ချွဲ
စစ်သူကြီးဆိုတ့ဲလူက သူ့ကိုအထင်သေးသလို
ငုံ့ကြည့်နေတာပဲ။“ ဖြစ်ပါ့မလား..ငါမင်းကိုမယုံတာတော့မဟုတ်
ပေမယ့်..”“ အချိန်ထပ်ဆွဲနေလို့ မဖြစ်တော့ဘူး..အကို
ဆန်ဟွမ်း..ဟိုမိန်းမရဲ့စနက်က ဘယ်လောက်
ပြင်းတယ်ဆိုတာ ခုလက်တွေ့သက်သေပဲလေ
မကြာခင် မြောက်ပိုင်းစစ်တပ်က ကျွန်တော်တို့
ပြည်နယ်ကိုစစ်ချီလာကြလိမ့်မယ်..အကို လုပ်
ရမှာက..ဒီဘက်က သိမ်းလို့ရတ့ဲပြည်နယ်တွေ
ကို အကုန်သိမ်းထားပေးဖို့နဲ့..မဟာမိတ်အဖြစ်
သ၀ဏ်လွှာပါးပေးဖို့ပဲ..ပုလင်ပေါ်မှာငုတ်တုတ်
ထိုင်နေတ့ဲဘုရင်ထက်စာရင် ချွဲအိမ်တော်ကို ပို
အယုံကြည်ရှိကြမယ်လို့ ကျွန်တော် ထင်တယ်
အခုကျွန်တော်တို့စိတ်ပူရဖို့က အနောက်ဘက်
ပြည်နယ်က စစ်ကူ ပေး မပေးပဲ..”