“ သား ဂျီယောင်း..နေကောင်းရဲ့လား..စာတွေ
ရော လိုက်နိုင်ရဲ့လား..”
“ စာတွေကဘယ်ကိုထွက်ပြေးနေလို့..သားက
လိုက်ရမှာတုန်း အမေရဲ့..”
“ ဟဲ့..ဖွတ်ကာင်လေးရဲ့..စကားကိုထော်လော်
ကန့်လန့်တွေမပြောနဲ့..နင်အတန်းတွေလစ်ပြီး
စောက်ကမြင်းကြောတွေ ထနေတုန်းပဲလား..”
“ ဟာဗျာ..မလုပ်တော့ပါဘူး အမေရ..အမေ့
သား ဂျီယောင်းကလေ..အခုဆိုရင် အတန်းထဲ
မှာ..ဆရာ ဆရာမတွေကတောင် ချီးကျူးတာ ခံ
နေရတာပါနော်..”
“ ဟုတ်လား..ကြားရတာတောင်မယုံနိုင်ပါဘူး
ဟယ်..နင်လိုကောင်ကို ဘယ်လို ချီးကျူးကြလို့
တုန်း..နင့်ဆရာတွေက..”
“ ဂျီယောင်းက တဲ့..ကျောင်းကိုချစ်လွန်းလို့နေ
မှာတဲ့..နောက်တနှစ် ပြန်နေတော့မှာတဲ့..”
“ ဘာ…”
ခုနှစ်သံကိုချီသွားတဲ့ မွေးမေ့အသံကြောင့်..နား
တဖက်အူသွားရပေမယ့်..တခွိခွိနဲ့ထရယ်မိပြန်
တော့တယ်။ အနားမှာသာရှိရင်..ဒေါက်ကနဲ
နေအောင် ခေါင်းကိုအခေါက်ခံရဦးမှာ သေချာ
တယ်။ အမေက လက်မြန်တယ်လေ။
“ ငနာကောင်လေး..နင် စာမေးပွဲကျကြည့်စမ်း
အိမ်ပြန်မလာနဲ့..ပလက်ဖောင်းကိုခေါင်းအုံးပြီး
အိပ်..အမွေဖြတ်မယ် နင့်ကို..”
“ အမေတို့များ..ခက်လိုက်တာ..မွေးထားတဲ့
ဒီသားလူမမယ်လေးကို စကားကြမ်းကြီးတွေနဲ့
ပြောရက်တယ်နော်..သား အသည်းနာလှချည်
ရဲ့..အမေရယ်..”
“ လဲသေလိုက်..မအေဘေးလေး..”