နားထဲမှာ မြေကြီးကိုတရွတ်တိုက်နေတဲ့ လျှော
တိုက်သံတွေ ကြားနေရတယ်။ အရင်ဆုံး ပြန်
သတိရမိတာက..ဟိုလှိုဏ်ဂူတရာမြေအောက်
လမ်းမှာ သံကြိုးတွေနဲ့တုပ်ပြီးအဖမ်းခံထားရတဲ့
အနောက်ပိုင်း တော်ဝင်မင်းသမီးကိုပဲ။ ကျော
ပြင်ကနေတဆင့် အေးစက်စက်မြေသားအထိ
အတွေ့ကိုရနေတဲ့အပြင်..အဲ့လျှောတိုက်နေတဲ့
အသံက သူနဲ့နီးနီးလေး။မျက်လုံးမဖွင့်နိုင်အောင် မူးဝေနေပေမယ့်..မြှား
တန်းလန်းနဲ့ ဒူးထောက်ကျသွားခဲ့တဲ့ဆွန်းရီရဲ့ပုံ
ရိပ်က အသိထဲဝင်လာတာနဲ့တပြိုင်နက်တည်း
သူ ငေါက်ကနဲ ထထိုင်လိုက်မိတော့တယ်။
ကိုယ့်နားအုံကို ၃ ၄ချက်လောက်ပစ်ရိုက်လိုက်
တော့မှ ခေါင်းမူးတာတွေပျောက်သွားပြီး ဘေး
ကိုဝေ့ကြည့်လိုက်တော့..တကယ်ကြီး လှိုက်ဂူ
တရာလမ်းကို ပြန်ရောက်နေတာပဲ..ပတ်ဝန်းကျင်တခုလုံးက မှောင်မိုက်နေပေမယ့်
ဂူထဲတနေရာကမီးတုတ်အလင်းရောင်ကြောင့်
သိပ်မကြာခင်..သူ့မျက်လုံးတွေ အသားကျလာ
ပြီး..အတင်းကုန်းရုန်း ထမိတော့တာပေါ့။သူ့ကို ဒီထဲပို့ခိုင်းတာ ဆွန်းရီပဲဖြစ်ရမယ်..သေ
သွားရင်တောင် သူ့ကိုဘေးကင်းရာကိုပို့ပေးပါ
တဲ့လား..နာနာကျင်ကျင် ပြုံးမိတယ်။ ဒီကောင်လေးဟာ
ဘာလို့ ဒီလောက်တောင် သူ့အတွက်ချည်း
တွေးပေးရတာလဲ။ ဘာလို့ ဒီလောက်တောင်
သူ့ကိုကာကွယ်ပေးချင်ရတာလဲ။ဘာလို့ ဒီလောက်တောင်လဲ..
သူ့ရင်ဘတ်ထဲမှာ သိမ်းထားခဲ့တဲ့ ရှုံ့ကြိုးအိတ်
လေးကို သတိတရနဲ့ စမ်းကြည့်လိုက်မိတယ်။မွန်းကျပ်လိုက်တာ.. မင်း ဘာမှမဖြစ်စေရဘူး..
ဆွန်းရီ..ငါ မင်းကို လာခေါ်မယ်..“ မင်းက ဟိုဘက်ကမ္ဘာကနေ လာတဲ့ကောင်
လေးမို့လား မင်ဇီက သူ့ကိုယ်သူအပြစ်ယူခံယူ
ပြီး အိမ်ရှေ့စံအတွက် မင်းကို ခေါ်ပေးခဲ့တယ်
ပေါ့..”အသံလာရာကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာ
မီးတုတ်ရဲ့ အလင်းရောင်အောက်မှာရပ်နေတဲ့
အမျိုးသမီးတယောက်..