“ မင်း သေချာပြီလား..ဆွန်းရီ..ဒါ နောက်ပြန်
လှည့်လို့မရဘူးနော်..တကယ်ပဲ အရာအားလုံး
နဲ့လဲနိုင်ပြီလား..”အကိုဆန်ဟွမ်းရဲ့အမေးစကားကို သူ နှစ်ခါပြန်
မစဉ်းစားပဲ ခေါင်းငြိမ့်ပြလိုက်တယ်။ နာကျည်း
ချက်တွေနဲ့ ပြေးထွက်သွားတ့ဲ ထိုလူ့နောက်ကို
အမှီမလိုက်နိုင်ခ့ဲလေခြင်းဆိုတ့ဲ နောင်တတွေ
က တတိတိနဲ့တိုက်စားနေခ့ဲတာမို့..ဒီ့ထပ်ပိုပြီး
နောက်မကျခင် သွားရှင်းပြချင်တာ။ကျွန်တော် ဒီလိုရည်ရွယ်ခ့ဲတာမဟုတ်ပါဘူး..
ဟေး၀မ်ကို လိုချင်တယ်ဆိုလို့ အကို့နောက်ကို
ထည့်ပေးဖို့ ကြိုးစားခ့ဲပေမယ့်..ကျွန်တော်လေ
ကြိုးစားခ့ဲပါတယ်..တကယ်ပါ။အေးကနဲ ထိတွေ့လာတ့ဲ ရေတွေနဲ့အတူ..သူ့
လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားတ့ဲ အကို
ဆန်ဟွမ်းရဲ့လက်ဆီက အနွေးဓာတ်တချို့။မကြောက်ဘူးပြောရင် လိမ်တာပါ..ဒါပေမယ့်..
ကျွန်တော့်ကို အကို မုန်းများနေမလား ဆိုတ့ဲ
အတွေးတွေက ကျွန်တော့်ကိုနေ့တိုင်းသတ်နေ
တယ်..မက်နေကျ ကျွန်တော့်အိမ်မက်တွေထဲ
အကို ရောက်မလာတော့တာရော..ကျွန်တော့်
ကို သတိရရင်တောင် မကျေနပ်ချက်တွေနဲ့ဖြစ်
နေမှာကိုရော ပိုကြောက်မိပါတယ်။ပြီးတော့..ဘာလို့မှန်းမသိဘူး..ကျွန်တော့်ဘေး
မှာ အကိုမရှိတော့တ့ဲအချိန်ကစပြီး ကျွန်တော်
မနေတတ်တော့ဘူး။ ကျွန်တော်ဟာကျွန်တော်
မဟုတ်တော့သလိုပဲ။အ့ဲဒါကြောင့်..အကို့နောက်ကိုလိုက်ဖို့ ဆုံးဖြတ်
ခ့ဲတာ။နှစ်ယောက်သား တုန်တုန်ရီရီနဲ့ ရေပေါ်ကို
တက်လာတော့..ဒီဘက်ခြမ်းမှာ ညအချိန်ကြီး။
အလင်းပေးနေတ့ဲ ဖြူဖြူအလုံးကြီးတွေအောက်
ကို သွားတော့ မီးတုတ်တွေလိုမျိုး အနွေးဓာတ်
လည်းမပေးပြန်ဘူး။ ထူးဆန်းလိုက်တာ..လင်း
တော့လင်းနေတယ်..မပူဘူးရော်..အ့ဲမှာ စပြီး ဒုက္ခရောက်တာပဲ..ဒီနေရာကြီးမှာ
အကို့ကို ဘယ်လိုရှာရမှာပါလိမ့်။“ ဆွန်းရီ..ဒီဘက်ခေတ်က လူတွေကလည်း
ငါတို့လို နန်းဆောင်တွေနဲ့နေတာပဲလား..”