" သားရယ်..မလိုပါဘူး.."
ဒူးထောက်ချကာ ကန်တော့တောင်းပန်နေတဲ့
ဆွန်းရီကို ဂျီယုံးအမေက ဆွဲထူလိုက်တယ်။အိမ်ရောက်တုန်း အိမ်ထမင်းဟင်းကို အားရ
ပါးရစားပြီး အခန်းထဲမှာ အိပ်ပျော်နေတဲ့ ဂျီယုံး
မသိခင်..ဆွန်းရီက ဂျီယုံးရဲ့မိဘတွေဆီ သွား
တောင်းပန်တော့တာပေါ့။" ကျွန်တော့်ကြောင့် အကိုဂျီယုံးက အန်တီတို့
ဆီက ထွက်လာခဲ့တယ်လို့ ပြန်သိရပါတယ်..
အဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ် "" လူငယ်သဘာဝကို အန်တီတို့က နားလည်
ပါတယ်..ဒီလိုအတူတူနေကြဖို့ စောလွန်းတယ်
ဆိုပေမယ့်..ဂျီယုံးက သားကိုရွေးချယ်လိုက်ပြီပဲ
သားတို့နှစ်ယောက်သာ အဆင်ပြေအောင်နေ
တောင်းပန်စရာမလိုပါဘူး.."အစကတော့..သူပြန်သွားရမယ့်အကြောင်းကို
ဖွင့်ပြောပြီး အကို့ကို ပြန်ပေးခဲ့ပါ့မယ်လို့ ကတိ
ပေးချင်ပေမယ့် ပြောမထွက်ပြန်ဘူး။ သူတို့ဝေး
ကြရမယ်ဆိုတာ..စကားနဲ့တောင် ရှင်းမပြရက်
ခဲ့ဘူး။ အကို့ကို ဒုက္ခပေးခဲ့တာတွေ အရမ်းများ
နေပြီမို့..အကို့မိဘတွေအထိပါ ဒါတွေမပြောပြ
ချင်တော့ပါဘူးလေ။အကို့အဖေရဲ့အလိုမကျမှုတွေကို မြင်ရတဲ့အခါ
ပိုပြီးအားနာမိတယ်။ ကျွန်တော်ဟာ အကို့ကို
သူတို့ရင်ခွင်ထဲကဆွဲထုတ်..ခဏတာ အသုံးချ
ပြီး ပစ်ထားခဲ့လိုက်မှာပါဆိုတဲ့အမှန်တရားကြီး
ကို ဘယ်လိုမျက်နှာနဲ့ အသိပေးရက်ပါ့မလဲ။အပြစ်မမြင်ပဲ နွေးနွေးထွေးထွေး ဆက်ဆံပေး
နေတဲ့ အကို့အမေကိုရော..အကို တာဝန်ယူခဲ့
ရတာ ကျွန်တော်တယောက်တည်းဆိုပေမယ့်
ကျွန်တော် တာဝန်ယူရမယ့်လူတွေ အများကြီး
ဆီကို မပြန်လို့မဖြစ်ပါဆိုတဲ့ အကြောင်းပြချက်
နဲ့ ဆင်ခြေပေးရမှာလား။ကျွန်တော်ဟာ မဖြစ်နိုင်တဲ့လမ်းမှန်းသိပါရဲ့နဲ့
အကို့ကိုပါ ဆွဲခေါ်ခဲ့မိတယ်။အကိုက သူ့ကိုခွင့်မလွှတ်ပေးနိုင်တာကိုလည်း
အပြစ်မမြင်တော့ပါဘူး။ သူ့ဘဝထဲ အကို့ကို
ဆွဲသွင်းခဲ့မိတယ်လို့ထင်ထားခဲ့ပေမယ့်..အမှန်
တော့..သူက အကို့ဘဝထဲကို ဇွတ်ဝင်သွားခဲ့မိ
တာ။ အကို လက်ခံဖို့ အဆင်သင့်မဖြစ်တာကို
လည်း နားမလည်ပေးခဲ့မိတာပါ။