Part-1

35.8K 1.1K 13
                                    

နွေရာသီရဲ့ သာယာတဲ့နံနက်ခင်းတစ်ခု၌  အပြိုင်အဆိုင် တက်ကြွလန်းဆန်းနေသည့် ပတ်ဝန်းကျင်နှင့် ဆန့်ကျင်စွာပင်
အိပ်ရာပေါ်မှာ ဖင်​​​ပေါ်ခေါင်းပေါ်အိပ်နေသည့် ငှက်သိုက် ခေါင်းဆံပင်ကေနှင့် ကောင်လေးတစ်ယောက် ရှိပေသည်၊၊

* ဟမ်! ဘာလား ငါ့မျက်လုံးကို အလင်းတစ်ခုခုကလာထိုး ထားသလိုပါလား မနက်အစောကြီးနေကထွက်နေပြီလား *

ထိုကောင်လေးဟာ မျက်လုံးကပင်မဖွင့်ရသေးပဲ ပါးစပ်ကနေသာ ရေရွတ်နေပြီး အိပ်ရာပေါ်၌ လက်ကို ဟိုဒီ လိုက်စမ်းကာ ဘယ်ရောက်နေမှန်း မသိသည့်  phone အား   ရှာလို့နေပြန်လေသည်၊၊

နောက်ဆုံးတော့ သူရှာနေသည့် ဖုန်းအား တွေ့သွားသည့်အခါ  Power ခလုတ်ကို နှိပ်ကြည့်လိုက်လေတော့ မှေးစဥ်းနေသည့် မျက်လုံးများဟာ အော်တို ပွင့်လာလေတော့သည်၊၊

* အား!!!! *

မနက်စောစောစီးစီး အော်သံနက်နက်ကြီးဟာ ကောင်လေး နေသည့် ငါးထပ်တိုက်၏ အပေါ်ဆုံးခန်းမှ ထွက်လာလေတော့သည်၊၊ 

အားရပါးရအော်ပြီးကာမှ အိပ်ရာပေါ်က စောင်တွေကိုကန်ချကာ ကုန်းရုံးထပြီး ရေချိုးခန်းထဲသို့ မချော်လဲရုံတမယ် ဝင်ရလေတော့သည်၊၊ ထို့နောက် သွားတိုက်ရင်း ရေပန်းပါ တစ်ခါထဲဖွင့်ကာ ရေချိုးရလေတော့သည်၊၊ နောက်ကျနေပြီဟူသောအသိကြောင့် အားလုံးကို မျက်စိတစ်မှိတ်အတွင်းမှာပင်ရအောင် လုပ်ခဲ့နိုင်လိုက်လေသည်။ ခေတ်လူငယ်တို့၏ အနီးကပ်မှ ကပ်လုပ်တတ်သည့် အကျင့်ကြောင့်သာ အချိန်တိုအတွင်း လုပ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ပြီးကာမှ dryer ကိုဂိတ်ဆုံးဖွင့်ပြီး မှုတ်ကာ ခေါင်းမခြောက်တစ်ခြောက်နဲ့ပင် မီးဖိုခန်း ထဲဝင် ၊ကော်ဖီမစ်ထုတ်ကို ဖျော် ပြီး ပူနေမှာ စိုးတာမို့ ရေပါတစ်ခါတည်း စိမ်ထားလိုက်လေသည်၊၊ဒါမှသာ  သွားခါနီး တစ်ခါထဲကောက်မော့သွားလို့ရမှာ ဖြစ်ပေသည်၊၊ 

ထို့နောက် ဘီဒိုကိုကောက်ဖွင့်လိုက်လေတော့ မနေ့ညကအပျင်းကြီးပြီး အဝတ်မီးပူမတိုက်ရသေးသော အင်္ကျီအကြေများသာ စီးကြိုလို့နေလေသည်၊၊ 

Start From A CONTRACT Where stories live. Discover now