Part-40

11.1K 734 33
                                        

လွန်ခဲ့သော တစ်ပတ်တာလုံးကို ပုံမှန်အတိုင်းပဲ ဖြတ်သန်းခဲ့ရာမှ ယနေ့ဟာ ဆိုရင်ဖြင့် ဉာဏ့်ရဲ့ အသက်တစ်နှစ်ကြီးမဲ့နေ့၊ တစ်နည်း ဉာဏ့်ရဲ့ မွေးနေ့လေးသို့ ရောက်ရှိလာပြီဖြစ်သည်။ ဒါပေမယ့် ဒီနှစ်ကြရောက်မဲ့ မွေးနေ့လေးမှာ ဉာဏ်ကတော့ အပြည့်အဝ မပျော်နိုင်ရှာပေ။

*ဟူး... ဘာလဲကွာ ဘာလို့ ဒီနေ့မှလဲ... အားရှီး *

လက်ထဲက ကိုင်ထားတဲ့ ဖုန်းရဲ့ မျက်နှာပြင်ပေါ်မှာ Boss ပို့ထားတဲ့ စာလေးကို ကြည့်ပြီး ဉာဏ် တစ်ယောက် အကြီးကြီး စိတ်ဓာတ်ကျချင်သွားသည်။

*အရေးတကြီး ဆွေးနွေးရမဲ့ ကိစ္စနဲ့ ဟောင်ကောင်မှာ Meeting သွားတက်ရမယ် Baby. *

Boss ဟာ တိုတောင်း ပြတ်သားလှစွာ ဉာဏ့်ဆီကို စာတစ်စောင်ပဲ ပို့လာလေသည်။

မွေးနေ့လေးမှာ ကိုယ်ချစ်တဲ့သူနဲ့အတူ အတူရှိချင်ကြတာ လူတိုင်းရဲ့ လိုအင်မို့ ဉာဏ်သည်လည်း Boss နဲ့ အတူကုန်ဆုံးရန် အားတင်းထားခဲ့ရတာ ဖြစ်သည် ။ ခုများတော့ Birthday wish လေးတောင်မရလာ ။

ဒူ... ဒူ..

ထိုစဥ် ဉာဏ့်ရဲ့ ဖုန်းလေးဟာ တုန်ခါလာလေသည်။

ဉာဏ်လဲ Contact ကိုကြည့်လိုက်တော့  ဉာဏ့်ရဲ့ မေမေ ဖြစ်နေတာမို့ ချက်ချင်းပင် ဖုန်းကိုင်လိုက်လေသည်။

*ဟယ်လို မေမေ *

*Happy Birthday သားလေး ၊ ကျန်းကျန်းမာမာရှိရဲ့လား? *

မေမေကတော့ ဉာဏ့်ရဲ့ မွေးနေ့ကို မမေ့မလျော့ပင် ဂုဏ်ပြုပေးသည်။ ဉာဏ် ဖုန်းပြောနေရင်းနှင့်ပင် မျက်နှာလေးဟာ ပြုံးနေမိသည်။

*ဒေါင်ဒေါင်မြည်ပါပဲ မေမေ။ ဉာဏ်မေမေ့ကို သတိရတယ် သိလား ။ ဒီလိုနေ့ဆို မေမေ အမြဲချက်ကျွေးနေကြ ဉာဏ်ကြိုက်တဲ့ ဟင်းတွေကိုလည်း လွမ်းတယ်  * 

ဉာဏ် မေမေ့ကို ချွဲသံလေးနဲ့ ပြောလိုက်သည်။ တကယ်ပါ မေမေပြီးရင် ခုလို ဉာဏ် ချွဲတာခံရတဲ့သူက Boss က ပထမဆုံးပင် ဖြစ်လိမ့်မည်။

Start From A CONTRACT Where stories live. Discover now