Part-29

16.3K 747 71
                                        

ဟိုတယ်တစ်ခု၏ roof top ရေကူးကန် တစ်ခု၌ဖြစ်သည်။ ရိုက်ကွင်းက ဝန်ထမ်းများနဲ့ ရှုပ်ယှက်ခတ်နေပြီး နေရောင် နွေးနွေးအောက်မှာ main model နှစ်ယောက်နဲ့အတူ အခြား supporting model များလည်းပါဝင်ကာ ရိုက်ကူးနေကြသော ကြော်ငြာရိုက်ကွင်းတစ်ခု။

အသေအချာပြောရရင်တော့ လင်းသွန်းဉာဏ် ရောက်နေသော ကြော်ငြာရိုက်ကွင်းတစ်ခု ဖြစ်လေသည်။

ယနေ့ ရိုက်ကွင်းမှာ ဉာဏ် ရှိနေရခြင်းမှာ ရိုက်ကူးရေးအဖွဲ့နဲ့ သူတို့ meeting ထိုင်ထားတဲ့အတိုင်း ရိုက်လို့အဆင်ပြေမပြေ၊ လာရောက် ကြည့်ရှုရတဲ့ တာဝန်က ဉာဏ့်အတွက် ဖြစ်နေလေလို့ပင်။

ဒါ့ကြောင့်ပဲ ဒီနေ့တစ်နေ့လုံးနီးပါး ဉာဏ် ဒီဟိုတယ်မှာပဲရှိနေကာ စောင့်ကြည့်ပေးနေရလေသည်။ တကယ်တော့ လူက ဟိုပြေးဒီပြေးနဲ့ လုပ်ထားတဲ့အပြင် တစ်နေကုန် အမိုးမရှိတဲ့ ရေကူးကန်နား ကြည့်ပေးနေရတာမို့ ရိုက်ကွင်းက stuff တွေနီးတူ ဉာဏ်လည်း ပင်ပန်းနေပြီဖြစ်သည်။

သို့သော် RAINBOW fashion က ဒီတစ်ခါထပ်ထုတ်မဲ့ design က swimsuit ဖြစ်တာမို့ မော်ဒယ်ကောင်မလေးတွေကော ​ခန္ဓာကိုယ်အမိုက်စားနဲ့ မော်ဒယ်ကောင်လေးတွေလည်းပါတာမို့ ဉာဏ် အားရင်အားသလို အမောပြေလေးတော့ မျက်စိအစာကျွေးနေမိ လိုက်သေးသည်။

ဟိ!! Boss သိရင်တော့ ငါ့ကို သတ်တော့မှာပဲ။

ပြောရင်းဆိုရင်း Boss ကိုပဲ သွားသတိရမိပြန်တာမို့ ဉာဏ် အသာပြုံးလိုက်မိလေသည်။

*ကဲ! ကဲ! နောက်ဆုံး scene ဟေ့! အားလုံး ကြိုးစားကြရအောင် *

နောက်ဆုံးတော့ ရိုက်ကွင်းတာဝန်ခံစီကနေ ဆော်သြလာသံ အပြီးမှာတော့ stuff အားလုံးနဲ့ မော်ဒယ်များပါ နားနေရာကနေ ထလာကာ တက်ညီလက်ညီ အလုပ်ဆက်လုပ်ကြလေသည်။

*Cut!! Ok! ! အားလုံးပြီးပါပြီ။ တာဝန်ကျေကြပါတယ်.. *

ဒါရိုက်တာဆီကနေ နောက်ဆုံး cut အသံကြားလိုက်ချိန်မှာတော့ ဉာဏ်တို့ အကုန်ပျော်သွားကာ ရိုက်ကွင်းသိမ်းဖို့လုပ်ရလေသည်။

ဉာဏ်လည်း အမြန်အိမ်ပြန်ပြီး နားချင်တာမို့ ရိုက်ကွင်းတာဝန်ခံနဲ့ စကားအနည်းငယ်ပြောပြီးမြန်မြန်ပဲ လွယ်အိတ်ကိုယူကာ အမြန်ထွက်လာခဲ့လိုက်လေသည်။

Start From A CONTRACT Where stories live. Discover now