ဉာဏ်နှင့် Boss အတူ စီးနင်းလာသည့် ကားလေးဟာ Company parking ထဲ၌ သေသပ်စွာ ဝင်ရပ်လေသည်။
နောက်ဆုံးတော့ company ရောက်ခဲ့ပြီမို့ ဉာဏ် ဖုန်းက နာရီကို တစ်ချက်ကြည့်လိုက်တော့ 10:45 တောင်ရှိနေပြီမို့ အမြန်ပဲ ခါးပတ်ဖြုတ်ကာ ကားတံခါးကို ဖွင့်ဖို့လုပ်လိုက်လေသည်။
*နေဦး !*
သို့သော် ထပ်မံတားဆီးလာသည့် Boss ကြောင့် ဉာဏ်တန့်ခနဲဖြစ်သွားရလေတော့သည်။*ဗျာ! ဟို Boss ကျွန်တော် နောက်ကျနေပြီမို့လေ. ဟို *
*ကိုယ်သိတယ်လေ။ ကိုယ်ကကော မင်းကို ဘာလုပ်မှာ မို့လဲ။ ခုက ကိုယ့်ကိုတောင် နှုတ်မဆက်နိုင်ဘဲ ထ ထွက်သွားလို့လေ*
ဉာဏ် အနာ်းငယ် ထပ်ဟောက်ခံလိုက်ရတာမို့ ဇာတ်ကလေးပုသွားလေတော့သည်။
*အာ. ဟုတ်။ ကောင်းသောနေ့လေးပါနော် Boss *
*အင်း။ ပြီးတော့ မင်းကိုပြောထားမယ်။ ကိုယ့်အမိန့်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် မင်းအထဲက ဟာကို ဖယ်လို့မရဘူးနော်။ အဲ့ခါကျ အပြစ်က နှစ်စဖြစ်သွားမယ် *
ဉာဏ် မျက်နှာလေးတစ်ချက်မဲ့သွားလေသည်။ Bossဟာလေ တကယ်ပါပဲ သူမခံစားရတိုင်းး ...
လက်တွေ့တွင်တော့ ဉာဏ်ထုတ်မပြောရဲခဲ့ပါ။
* ဟုတ်ကဲ့ Boss *
ဟုသာ ပြောပြီး ကားထဲကနေ မြန်မြန်ထွက်ကာ အပေါ်ထပ်တက်ဖို့ ဓာတ်လှေကားဆီပြေးရတော့သည်။
*အ. အာ. အားးယိုး! ! သေပါပြီ ဒါကြီးကဘာလို့အဲ့လောက် တောင် အောင့်နေရတာလဲ *
ဉာဏ် ဆက်မပြေးရဲတော့။ ထိုအရာက ဉာဏ် ပြေးလိုက်တိုင်း အတွင်းထဲသို့ ပိုတိုးဝင်လာတာမို့ အတွင်းထဲမှာ အောင့်သွားရသည်။
ဉာဏ် ငိုချင်မိသည်။ဒီနေ့လို ပြေးလွှားရမည့် အလုပ်များသည့် နေ့မှာမှ ဒါကြီးသာ တစ်နေကုန် ဝတ်ထားနေရ ရင် လမ်းတောင် အမြန်လျှောက် နိုင်မှာမဟုတ်ပေ။
ဉာဏ် ဓာတ်လှေကားစီးကာ လေးထပ်မြောက်ကို ရောက်သွား တော့ ကက်သရင်းက ဌာနထဲမှာမရှိတော့။ ဒါနဲ့ပဲ ဉာဏ်လဲ မိတ္တူစက်ရှေ့မှာ စာရွက်တွေနဲ့ အလုပ်ရှုပ်နေသည့် သူရနားကို သွားပြီးတော့ မေးလိုက်လေသည်။
YOU ARE READING
Start From A CONTRACT
Romanceသဘောတူညီမှုတွေ တွေ rules တွေကြားကတည်ဆောက်ထားတဲ့ relationship တစ်ခု... #BDSM #OC