Part-22

10.3K 673 25
                                    

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ Keyboard ပေါ် စာရိုက်တဲ့အသံသာ ကြီးဆိုးလို့နေသည်။ ရှည်လျားပြီး သန်မာတဲ့လက်ချောင်းတွေ၊ လက်ဖျံတစ်လျှောက် သွေးကြော အစိမ်းရောင်တွေပင် ထင်းနေအောင် မြင်နေရသည့်  သန့်ရှင်းနေတဲ့ လက်ကောက်ဝတ်လေးမှာ Rolex နာရီရွှေရောင်လေးဟာ လှုပ်ရှားလိုက်တိုင်း တစ်လက်လက်နှင့် ...

အချိန်အတော်ကြာကြာအထိ အလုပ်ထဲကိုပဲ အာရုံစိုက်အပြီးမှာတော့ ဦးထွဋ်ခေါင်တစ်ယောက် keyboard ပေါ်ကနေလက်ကိုဖယ်ကာ mouse လေးကို နှိပ်လိုက်ကာ အလုပ်ကို လက်စသတ်လိုက်လေသည်။

ထို့နောက်တစ်ဖန် ဘေးနားတွင် အထပ်လိုက်ပုံထားသော file တွေကို လက်လှမ်းကာ ယူပြီး စူးရှတဲ့မျက်လုံးများနဲ့ ​စေ့စပ်သေချာစွာ စစ်‌‌ေဆးပြီးနောက်မှာတော့  လက်မှတ်ရေးထိုးသင့်တာထိုးပြီး အမှားတွေ့တဲ့ဟာကို ပြန်ပြင်ဆင်စေရန် စီစစ်နေရလေသည်။

တီ ~~

ထိုစဥ် စားပွဲပေါ်မှ intercon ဆီက အသံမြည်လာလေသည်။

*Boss ကိုလူတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ် *

*ဘယ်သူလဲ *

*ဟို... Simon လို့ပြောပါတယ် *

*ငါလက်ခံမတွေ့နိုင်ဘူး ပြန်လွှတ်လိုက်! *

ဦးထွဋ်ခေါင် အလုပ်ကရှုပ်နေရတဲ့အထဲ ဇယားလာရှုပ်နေတဲ့ ကိစ္စကြောင့် တစ်ခါထဲကိုမောင်းထုတ်ခိုင်းလိုက်လေသည်။

ထို့နောက် ကြည့်လက်စ file ကိုယူကာ ဆက်ကြည့်နေလိုက်လေသည်။

*ဒီမှာ ဒီမှာ! !! အဲ့လို ဝင်သွားလို့ မရပါဘူးရှင်.. ဒီမှာ! !*

ထိုစဥ် အတွင်းရေးမှူးဖြစ်သူ ကောင်မလေး ရဲ့ တားဆီးသံနဲ့ အတူ အခန်းတံခါးကို ဝုန်းတိုင်းကျဲဖွင့်ကာ ကောင်လေးတစ်ယောက်ဝင်လာလေသည်။

ဦးထွဋ်ခေါင် ထိုကောင်လေးကို တစ်ချက်သာ မော့ကြည့်လိုက်ပြီး စိတ်ပျက်သလို သက်ပြင်းတစ်ချက်ချကာ ခုံကိုနောက်ကို မှီချလိုက်လေသည်။

ထိုအခါ အတွင်းရေးမှူးမလေးမှ အသည်းအသန်တောင်းပန် လာလေသည်။

*ဟို..ဟို.. တောင်းပန်ပါတယ် Boss. သူကအတင်းကြီး...... *

*အပြင်က bodyguard တွေ ဘယ်မလဲ? *

Start From A CONTRACT Where stories live. Discover now