Vacation -1

12.4K 694 32
                                        

*Baby ရေ သွားဖို့အချိန်က ကပ်နေပြီ ပြင်ဆင်လို့ မပြီးသေးဘူးလား? မြန်မြန်လာစမ်း *

*လာပါပြီ.... လာပြီ Boss ..*

အသံကိုအဝေးကနေ သာ ကြားနေရပြီး လူက​တော့ ခုထိမတွေ့ရသေးပေ။ ဦးထွဋ်ခေါင် တစ်ယောက် သူ့ရဲ့ မရှည်တဲ့စိတ်ကို အတင်းဆွဲဆန့်ကာ ဧည့်ခန်း၌ ထိုင်စောင့်နေရသည်။

ပြင်ဆင်ပြီး ထွက်လာခဲ့ဖို့ပြောတာ လွန်ခဲ့တဲ့ နာရီဝက်က၊ ဒါကို ခုထိဘာတွေ အလုပ်ရှုပ်နေလဲ မသိ။ ခေါ်နေလည်း လာပြီသာပြောတာ ခုထိ လူကိုမတွေ့ရသေး။

*လာပါပြီ... ဟီး.. ဉာဏ်ရောက်ပါပြီ Boss *

ခုမှ ပရုတ်သုတ်ခနဲ့ အရှေ့မှာ လာရပ်ကာ မျက်နှာချိုလာသွေး ပြနေသေးသည်။ ဒီကောင်လေး စတွေ့ထဲက ပြောထားတဲ့ အချိန်နောက်ကျတာ မကြိုက်တဲ့အချက်ကို အခုထိမပြင်သေး။

*Baby ဘာလုပ်နေလို့ ဒီလောက်တောင်
ကြာရတာလဲ ဟမ်း!*

ဦးထွဋ်ခေါင် သူ့ရှေ့မှာ ရပ်နေပြီး မျက်နှာချို လာသွေးနေသည့် ကောင်လေးကို ခပ်တည်တည်နဲ့ပဲ မေးလိုက်သည်။

*ဟို...ဉာဏ် အောက်ဆင်းလာတော့မလို့ပါပဲ ။ ဒါပေမယ့်လေ...ဟို... ဟို..ဟာကပျောက်နေလို့. လိုက်ရှာနေတာနဲ့.. .*

ဉာဏ် မရဲတရဲနဲ့ ပြောမိသည်။ Boss သာ ဒီကိစ္စ သိရင် ဉာဏ် တော့ မလွယ်မှန်း သိတာမို့ပင်။ သို့သော် မပြောလို့ကလည်း မရ၊ သူ့ကို တွေ့တာနဲ့ Boss က မေးတော့မှာ သိနေတာမို့ တတ်နိုင်သလောက် အမြန်ရှာပေမယ့် ပစ္စည်းတွေကို တွေ့ရာ လျှောက်ထားတတ်တဲ့ ဉာဏ့်ရဲ့ အကျင့်ကြောင့် ခုလို အကြာကြီးလိုက်ရှာနေရခြင်းဖြစ်သည်။

*Baby ခုပြောစမ်း ဘာပျောက်နေတာလဲ? *

Boss ရဲ့ အကြည့်တွေက စူးရှစွာ ဉာဏ့် အပြုအမူတိုင်းကို တစ်ခုမှ အလွတ်မခံပဲ လိုက်ကြည့်နေတာမို့ ဉာဏ် အလိမ်မပေါ်အောင် တတ်နိုင်သလောက် ကြိုးစားနေရသည်။

*အာ...ဒီတိုင်း ပစ္စည်း လေးပါ Boss ရဲ့ ဉာဏ်အခု ပြန်တွေ့ပါပြီ ... *

ဉာဏ် အမြန်ပင် ပြန်တွေ့ပြီ ဖြစ်ကြောင်းရှင်းပြလိုက်သည်။ မဟုတ်ရင် စစ်လားမေးလား လုပ်တာနဲ့ အကုန်ပေါ်ကုန်မှ ဉာဏ် မနက်စာတောင် မစားရသေးခင် Boss ရဲ့လက်စာကို အရင်စားနေရမှ ဟုတ်ပေ့ဖြစ်နေလိမ့်မည်။

Start From A CONTRACT Where stories live. Discover now