တီ. တီ.တီ!
ခရီးရှည်ကြီးတစ်ခု နှင်ထားရသည့် သူပမာ နှစ်ခြိုက်စွာ အိပ်စက်နေရင်းမှ alarm သံကြောင့် ဉာဏ့်၏ အိပ်ချင်စိတ်အား နှိုးဆော်ခံလိုက်ရလေတော့သည်။ ထို့ကြောင့် စောင်ပုံအောက်ကနေ မထချင်ထချင်နှင့် ဆံပင်စုတ်ဖွားလေးများကို တဖြည်းဖြည်းကုပ်ရင်း ဉာဏ်တစ်ယောက် နိုးထလာရလေသည်။
သို့သော် ဉာဏ် မျက်လုံးဖွင့် ဖွင့်ချင်းမှာပင် သူနဲ့ လုံးဝမရင်းနှီးနေသော မြင့်မားလှသည့် မျက်နှာကြီးကို မြင်လိုက်ရလေသည်။ ထို့နောက် ဘေးပတ်ပတ်လည်ကို ကြည့် လိုက်တော့လဲ အဖိုးတန် ပရိဘောဂများနှင့် သပ်ရပ်စွာ ပြင်ဆင်ထားသော အခန်းအပြင်အဆင်တစ်ခုကြောင့် မနေ့ညက ဉာဏ့်၏မှတ်ဉာဏ်များအား တစ်ဖန် ပြန်ခေါ်ရလေတော့သည်။
အရင်ဆုံး ခြုံထားသည့် နက်ပြာရောင် ခြုံစောင်ကြီးအား ဖယ်လိုက်သည့်အခါ မထင်မှတ်ထားစွာပင် ကျောရိုးတစ်လျှောက် ဆစ်စနဲ နာလာသည့် ဋေဒနာကြောင့် ဉာဏ် အသံထွက်၍ပင် ညည်းညူမိတော့သည်။
*အ! အားလားလား! သေပါပြီ ငါတော့ *
မနေ့ညက သူ့ဘက်ကနေ တောင်းဆိုကာ ဘယ်လောက်အတိုင်းအတာထိ သောင်းကျန်းထားသလဲဆိုတာ ပြန်မှတ်မိလာသည့် ဉာဏ်ဟာ ရှက်စိတ်ကြောင့် မျက်နှာလေး ရဲတက်လာလေတော့သည်။ ထို့နောက် အလန့်တကြားနှင့် စောင်အောက်သို့ ကြည့်လိုက်သည့်အခါ ညအိတ်ဝတ်စုံ ခပ်ပွပွတစ်ထည်ကိုတော့ ဝတ်ထားမှန်း တွေ့လိုက်ရလေသည်။
အားလုံးဖြစ်ပြီးသွားခဲ့ပြီမို့ ဘာမှအရမ်းတွေးမနေချင်နေသည့်အတွက် ဉာဏ် အိပ်ရာပေါ်က ဖြည်းဖြည်းချင်းပဲ ထလိုက်ပြီး ရေချိုးခန်းလို့ ထင်ရသည့် အခန်းတစ်ခုထဲသို့ဝင်သွားလိုက်လေသည်။
ထိုအခါ နောက်ထပ် အိပ်ခန်းတစ်ခုလောက် နီးပါး ကျယ်ဝန်းသော ရေချိုးခန်းကြီးဟာ သူ့အား ကြိုဆိုနေလေတော့သည်။ ကြီးမားလှသည့် ရေချိုးဇလုံကြီးနှင့် သပ်ရပ်စွာရှိနေသော Toilet အပြင် ဘေစင်ကြီးကပင် အထက်တန်းဆန်သည့် အပြင်အဆင်များနှင့်သာ ပြုလုပ်ထားသဖြင့် ဉာဏ် ငေးရကောင်းနေတော့သည်။ ထို့နောက် ဘေစင်ရှေ့က ခွက်ထဲ၌ မဖောက်ရသေးသော သွားပွတ်တံလေး တစ်ချောင်းအား ယူကာ သွားတိုက်ရင်း မှန်ကိုကြည့်လိုက်လေတော့ ထောင့်နားလေးမှာ ကပ်ထားသည့် stick note လေးတစ်ရွက်ကို တွေ့လိုက်ရသည်။
YOU ARE READING
Start From A CONTRACT
Romanceသဘောတူညီမှုတွေ တွေ rules တွေကြားကတည်ဆောက်ထားတဲ့ relationship တစ်ခု... #BDSM #OC