ဒူ ဒူ ~~
ဉာဏ် အိပ်ပျော်နေစဉ် ဖုန်း vibrate သံကြားသဖြင့် မျက်လံုးကို မဖွင့်သေးပဲ လက်ကပဲ ဘေးခုံပေါ်က ဖုန်းကို စမ်းကာ ကိုင်လိုက်ပြီး ပါးပေါ်တင်ထားလိုက်လေသည်။
*ဟယ်..လို. *
*အိပ်နေတုန်းပဲလား baby. *
သို့သော် ဖုန်းထဲက Boss အသံထွက်လာသည့်အခါ ဉာဏ် အပျင်းတစ် နေတဲ့ မျက်လုံးတွေကို ဖွင့်လိုက်ကာ ထထိုင်လိုက်လေသည်။
*အာ.. Boss! ဉာဏ် အရမ်းအိပ်ပျော်သွားတာ *
*အင်း။ ခုလောက်ဆို အိပ်ရေးဝလောက်ပြီပေါ့ baby. ထပြီးပြင်ဆင်ထားတော့ ကိုယ်အိမ်ရောက်တော့မှာ *
ထိုအခါမှ ဉာဏ် စားပွဲပေါ်က digital နာရီလေးကိုကြည့် လိုက်တော့ 5:53pm သို့ညွှန်ပြနေတာကို တွေ့လိုက်ရလေသည်။
*ဟုတ် ဉာဏ် ရေချိုးလိုက်တော့မယ် ဒါဆို *
*ok။ အာ. ပြီးတော့ မင်းဝတ်ဖို့ ကိုယ်ဝတ်စုံယူလာခဲ့မယ် အရင်ရေချိုးပြီးစောင့်နေနှင့်နော်။ ကိုယ်နောက် ၁၅ မိနစ်လောက်ဆိုရောက်ပြီ *
*ဟုတ် Boss။ ဒါဆို ဉာဏ်ဖုန်းချပြီနော် *
*ကောင်းပြီ ရေအကြာကြီးစိမ်မနေနဲ့နော် ဖျားနေမယ် *
*အင်းပါ Boss *
ဉာဏ် Boss ဘက်က ဖုန်းအရင်ချသွားတာကို စောင့်ပြီးတော့ စောင်တွေကိုဖယ်ကာ ထရပ်ပြီး ခါးကို အနည်းငယ်လှည့်ပြီး အကြောဆန့်လိုက်သည်။ ပြီးမှသာ ရေချိုးခန်းထဲဝင်ပြီး ရေချိုးဖို့လုပ်လိုက်သည်။
လူကဆေးသောက်ပြီးမှ အိပ်လိုက်လို့လားမသိ နိုးလာတော့ နာကျင်မှုတွေမှာ အတော်ပင်သက်သာနေပြီဖြစ်ပေသည်။
အစက ရေပန်းနဲ့ပဲ ချိုးဖို့ စဥ်းစားထားပေမယ့် လူက အိပ်ရာထကာစဆိုတော့ အနည်းငယ် ထုံထိုင်းနေလေတော့ bath tub ထဲဝင်ပြီးခဏ ရေစိမ်နေဖို့ တွေးလိုက်လေသည်။
အရင်ဆုံး ရေပူနဲ့ရေအေးပိုက်နှစ်ခုလုံးကို အတူဖွင့်ချကာ လက်နဲ့ ရေကိုစမ်းကြည့်လိုက်လေသည်။ အနေတော်ရောက်မှ ဘေးကစင်ပေါ်မှာတင်ထားတဲ့ ဆပ်ပြာရေလေးကို လောင်းထည့်ကာ အမြှုပ်ထွက်အောင် လက်နဲ့မွှေလိုက်သည်။ ပြီးမှ ဉာဏ် အဝတ်အစားတွေကိုချွတ်ကာ ဒီတိုင်း ကြွေပြားပေါ်ပဲ ပစ်ချထားလိုက်သည်။
YOU ARE READING
Start From A CONTRACT
Romanceသဘောတူညီမှုတွေ တွေ rules တွေကြားကတည်ဆောက်ထားတဲ့ relationship တစ်ခု... #BDSM #OC