အွန်းး အွန်းး ~~~
ဉာဏ် အိပ်မှုန်စုန်ဝါးနှင့် နိုးထလာသည့်အခါ မျက်လုံးနှစ်လုံးကို အားတင်းကာ ဖွင့်လိုက်လေတော့ မြင်နေရတဲ့ အခန်းအနေအထားအရ Boss ရဲ့ အခန်းကိုရောက်နေမှန်းသိလိုက်လေသည်။
အွန်? ..
တစ်ဆက်တာ်းမှာပင် နွေးထွေးလှတဲ့ တစ်စုံတစ်ခုက ဉာဏ့်ကိုယ်ကို ရစ်ပတ်ထားသလို ခံစားရသည့်အခါမှသာ ဉာဏ့် ခါးကို ဖက်ထားတဲ့ သန်မာတဲ့ လက်တစ်စုံကို သတိထားမိလေသည်။
ခန္ဓာကိုယ်မှာ အဝတ်တစ်ခုမှကပ်မေနရံုသာမက airconပါ ဖွင့်ထားသော်လည်း ဉာဏ် နွေးထွေးနေရတဲ့အကြောင်းအရင်းက Boss ရဲ့ ကြီးမားပြီးနွေးထွေးလှတဲ့ ရင်ခွင်ဖြစ်နေလေတော့ အကြိမ်ကြိမ်အခါခါ ခိုဝင်ချင်မိပါရဲ့....
ထို့နောက် ဉာဏ့်ခါးကိုဖက်ထားတဲ့ Boss ရဲ့ လက်ကိုအသာလေး အုပ်ကိုင်လိုက်ကာ မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်လေသည်။
ထိုအခါ အနီးကပ်မြင်နေရတဲ့ Boss ရဲ့ ခန့်ညားလှသည့် မျက်နှာအား ဉာဏ်တစ်စိမ့်စိမ့် ကြည့်ရှုနေမိလေသည်။ Boss ၏မျက်နှာအစိတ်အပိုင်း တစ်ခုချင်းဆီဟာ အသေးစိတ်ကျလှပြီး အချိန်ပေးကာ ထုဆစ်ထားသည့် ရုပ်ထုတစ်ခုလိုပင်။ ထူထဲလှတဲ့ မျက်ခုံးတစ်စုံ၊ မျက်လုံးမှိတ်ထားသည့်တဲ့အခါ ကော့ညွတ်တက်နေတဲ့ မျက်တောင်ရှည်တွေ၊ နှာတံမြင့်မြင့်နှင့် Boss ဟာ ခုနောက်ပိုင်း ပါးသိုင်းမွှေးရေးရေးလေးကိုပါ ထားထားသေးတာမို့ ယောက်ျားဆန်ကာ ခန့်ညားမှုဟာ ဉာဏ် တစ်နေ့လုံး ထိုင်ပြီး ချီးမွမ်းနေလျှင်တောင် ကုန်နိုင်မည် မထင်ပေ။
တစ်ဖက်ကနေ ပြနါတွေးကြည့်သည့်အခါ ဉာဏ့်လို အူတူတူ အတတ နဲ့ ေနရာတိုင်းမှာ ထင်ပေါ်နေမှုမရှိတဲ့ သာမန် ကောင်လေးတစ်ယောက်က Boss လိုလူမျိုးနဲ့ ဒီလိုဆက်ဆံရေးမျိုး တည်ဆောက်ထားပြီး စိတ်ကြိုက် သွေးသားဖလှယ်နေမှုဟာ
ဘယ်လိုစဥ်းစားစဥ်းစား အိပ်မက်ဆန်လွန်းလှပေသည်။
ဉာဏ့် အနေနဲ့ မလိမ်တမ်း ပိုပြီး မျှော်လင့်ရကြေးဆိုလျှင် Boss နဲ့ ဒီထပ်ပိုတဲ့ အနေအထားမျိုးရောက်ချင်မိပါသေးသည်။
YOU ARE READING
Start From A CONTRACT
Romanceသဘောတူညီမှုတွေ တွေ rules တွေကြားကတည်ဆောက်ထားတဲ့ relationship တစ်ခု... #BDSM #OC
