Part-5

14.7K 905 10
                                    

*ငါ မင်းကို တစ်ပတ်လောက်ထိုင်လို့မရအောင် လုပ်ပစ်မယ်*

‌မျှော်လင့်မထားသည့် စကားအား Boss ဆီမှ ကြားလိုက်ရသည့်အခါ ဉာဏ် ကြောင်အမှုကြောင့်  တစ်ချက်ပင်တိတ်ဆိတ်သွားရတော့သည်၊၊ ထို့နောက် မျက်လုံးလေး ကလယ်ကလယ်နှင့် ဘာဆက်လုပ်ရမလဲမသိ ဖြစ်နေချိန်မှာပင် Boss ဖြစ်သူကတော့ ပြောချင်တာပြော ပြီး အခန်းထဲကထွက်သွားလေပြီ ဖြစ်သည်၊၊ 

ထိုအခါ အခန်းထဲ၌ အတွေးပေါင်း များစွာနှင့် ကျန်ခဲ့ရသူဟာ  ဥာဏ်ပင် ဖြစ်ပေသည်၊၊

*ဘာလဲ အခု ငါ့ကို Boss က ခြိမ်းခြောက်သွားတာလား၊ ဒါမှမဟုတ် ...ဟိုလို ...*

ဉာဏ် အရင်ဦးဆုံး တစ်ဒုတ်ဒုတ်ခုန်နေသည့် နှလုံးသားလေးကိုဖိထားပြီး အသက်ဝအောင် ရှူလိုက်ရလေသည်။ သူကကော ဘာလို့ Boss ရဲ့ စကားလေး တစ်ခွန်းကြောင့်နဲ့ ဒီလောက်ထိ ရင်ခုန်နေရပါသလဲ၊၊
*ခုဏက ကက်သရင်းတို့နဲ့ ကော်ဖီသောက်တာ များသွားလို့ များလား၊၊ *

ထို့နောက် ဉာဏ့်မှာ အခုနေ ဘာကိစ္စတွေ ဖြစ်ပျက်သွားသလဲတောင် သေချာ ဆက်စဥ်းစားချိန် တောင်မရလိုက်ပေ။ ကြော်ငြာရိုက်တဲ့နေရာကိုပြန်လာရန် နားကြပ်မှတစ်ဆင့် ခေါ်နေသဖြင့်  ပြေးရပြန်တော့သည်။

~~~~~~~~~~~~~~~~
နောက်ခံ အဖြူရောင် ပိတ်ကားရှေ့၌ ရပ်ကာ ခန္ဓာကိုယ်ကို အလိုက်သင့်လေး လှုပ်ရှားရင်း pose ပေးနေသည့် Boss ဖြစ်သူ ဦးရှိန်းထွဋ်ခေါင်တင်ဟာ studio တစ်ခုလုံး၏ အာရုံကို ဖမ်းစားလို့ ထားလေသည်၊၊

ပုံမှန်လမ်းလျှောက်နေသည့် အချိန်မှာတောင် ကြည့်ကောင်းနေသည့် Boss ဖြစ်သူဟာ ယခုကဲ့သို့ profesdional ကျကျ မော်ဒယ်အလုပ်အား လုပ်နေသည့်အခါ ကြည့်ရှူရသူတွေအဖို့ Boss ၏ ဆွဲဆောင်မှုအောက် မကျရှုံးသွားစေရန် မနည်းပင် ထိန်းချုပ်ထားရလေတော့သည်၊၊ စိတ်လှုပ်ရှားလွန်းလို့ အမှားလုပ်မိပါကလဲ  auto out ပင် ဖြစ်ပေသည်၊၊  အသက်ငယ်သော်လည်း အရာရာ စေ့စပ်တိကျသည့် Boss ဟာ အမှားသေးသေးလေးပင် အဖြစ်မခံနိုင်သောကြောင့် ဖြစ်ပေသည်။

ဉာဏ်သည်လည်းပဲ ရိုက်ကွင်းနောက်ကွယ် တစ်နေရာဆီကနေ Bossဖြစ်သူ ကိုကြည့်နေရင်း တကယ်ကိုအားကျမိသည်။ ထိုအမျိုးသားသည် ပြည့်စုံတာထပ်ကို ပိုသည်။  အရင်က ဤမျှလောက် မထင်မိသော်လည်း ကိုယ်တိုင် Boss ရဲ့ company မှာ အလုပ်လုပ်ရင်း Boss ၏ လုပ်ရည်ကိုင်ရည်ကို လက်တွေ့ ကျကျမြင်ရမှသာ ဘာကြောင့် ဦးရှိန်းထွဋ်ခေါင်တင်ဟူသော နာမည်ဟာ  အများရဲ့ အထက်မှာ ဝံ့ကြွားနေနိုင်လဲ သိလာပေတော့သည်၊၊ Boss ၏ အငွေ့အသက်ဟာ အနီးအနားရှိ လူများအား လွှမ်းမိုးထားနိုင်သည့် အရှိန်အဝါ တစ်ခုခုရှိနေမှန်း ဥာဏ့်အနေနဲ့လဲ ခံစားမိပေသည်၊၊

Start From A CONTRACT Where stories live. Discover now