RAINBOW ရုံးချုပ်ရဲ့ ကြော်ငြာရိုက်ကူးရေး ဌာနတွင် ဖြစ်သည်။
*လင်းသွန်းဉာဏ်ရေ! ကောင်လေးရေ! မင်းကို ခိုင်းထားတဲ့ ရိုက်ကူးရေး ဘက်ဂျက် စာရင်းကို print ထုတ်ပြီးပြီလား?*
ဒေါ်သီတာ မှ သူမ၏ ခုံတွင်ထိုင်ကာ လက်သည်းကို ပုံသွင်းတဲ့ ကျောက်တံနဲ့ ပွတ်နေစဥ် ဉာဏ့်ကို လှမ်းပြောလာလေသည်။
ထိုအခါ ဉာဏ်လဲ ဖုန်းပြောနေရင်းမို့ ဘာမှပြန်မပြောပဲ လက်သာခဏ ကာပြလိုက်ရလေသည်။
ကြော်ငြာ ရိုက်ကွင်းနေရာက သိပ်အဆင်မပြေတာမို့ ဉာဏ့်မှာ ဟိုနေရာနဲ့ညှိရ ဒီနေရာနဲ့ ညှိရနဲ့ location ရှာနေရတာ နဲ့တင် လူက မူးနေပြီ ။ ဟူးးးး ဒါကို အလိုက်ကန်းဆိုးမသိ ဟိုအန်တီကြီးက လူကိုတောက်တိုမယ်ရက အစလိုက်ခိုင်း နေလေသည်။
*ကျွန်တော် မထုတ်ရသေးဘူး အစ်မ တခြားအားတဲ့သူကို ခိုင်းပေးပါလား ။ ကျွန်တော် location ရှာနေတာမို့ အလုပ်ရှုပ်နေလို့ပါ *
ဉာဏ် စိတ်မပါပေမယ့်လည်း စီနီယာပေပဲမို့ အတတ်နိုင်ဆုံး ယဥ်ကျေးစွာ ပြန်တင်ပြလိုက်လေသည်။
ထိုအခါ ဒေါ်သီတာက သူ့လက်သည်းပွတ်လက်စကို ခဏချကာ ဉာဏ့် ကို သူ့ရဲ့ eye liner မဲမဲ ကြီး ခြယ်သထားတဲ့ မျက်လုံးကြီးနဲ့ ကြည့်လာလေသည်။
*အော်ဟဲ့ ဒီဌာနမှာ မင်းက လုပ်သက်အငယ်ဆုံးလေ
ဒါတွေက မင်းလုပ်ရမှာထုံးစံပဲကို ဘာတွေ ဆက်ခြေလာပေး နေတာလဲ !*သို့သော် သူ့အား ထိုင်နေရာကနေမထပဲ ဌာနကလူတွေပင် ကြားစေလောက်တဲ့ အသံနဲ့ အော်ပြောလာသည့်အခါ ဉာဏ် တကယ်ပင် စိတ်မရှည်ချင်တော့ပေ။
*ကျွန်တော် သိပါတယ်။ ဒါ.. ဒါပေမယ့် ခုက ကျွန်တော်လည်း မအားလို့ ပြောတာပါ။ တခြားအားတဲ့ချိန်ဆို ကျွန်တော်မှ မငြင်းတာဗျာ *
ဉာဏ် စိတ်ပျက်ပျက်နဲ့ပဲ ပြန်ပြောလိုက်လေသည်။ တကယ်ပါ အလုပ်လုပ်ရတာ အဲ့လို အာဏာပြတဲ့ သူတွေနဲ့ကြတော့ သိပ်အဆင်မပြေချင်ပေ။
*ဟဲ့ ငါ ဘာမှမသိချင်ဘူး။ မအားရင် မင်းနေ့ခင်း break time ရောက်ရင် အပြင်မသွားသေးပဲ ကူးထားပေး အားလုံးပေါင်း အစုံ ၂၀ ။ ဘာမှထပ်မပြောနဲ့ နေ့ခင်း meeting မှာ ငါ လူကြီးတွေကိုပြရမှာ အမှီလုပ် ဒါပဲ။
ဟွန့်! Boss နဲ့တွဲနေတယ်ဆိုပြီးတော့ လာအချောင်ခိုချင်နေတယ် *
![](https://img.wattpad.com/cover/221160295-288-k34572.jpg)
YOU ARE READING
Start From A CONTRACT
Romanceသဘောတူညီမှုတွေ တွေ rules တွေကြားကတည်ဆောက်ထားတဲ့ relationship တစ်ခု... #BDSM #OC