Part-21

11.6K 747 28
                                    

ဉာဏ် Boss ရဲ့ လက်ကိုချိတ်ကာ ကုန်တိုက်ထဲဝင်လာလိုက်သည့်အခါ  ပထမထပ်မှာတင် လူတွေရဲ့ အကြည့်က ဉာဏ်တို့ နှစ်ယောက်ဆီမှာသာ ဖြစ်နေလေသည်။

နှစ်ယောက်မရှိနိုင်တဲ့ RAINBOW အင်ပါယာရဲ့ founder ဦးရှိန်းထွဋ်ခေါင်တင်နဲ့ သူ့ဘေးနားက အလှလေး တို့ဟာ လူတွေရဲ့ သိချင်စိတ်နဲ့ attention ကိုအပြည့်ကို ယူထားလေတော့သည်။

ဉာဏ်ဟာ Boss ဆင်ပေးထားတဲ့ sleeve loose shirt အပြာရောင်တောက်တောက်နဲ့ slim pant အဖြူရောင် ကိုဝတ်ဆင်ထားတာမို့ နဂိုဖြူဖွေးနေပြီးသား အသားအရောင်နဲ့ ဟပ်နေကာ လူအများကြားမှာ ထင်းနေလေတော့သည်။ တိုက်ဆိုင်မှုလားတော့မသိ ဉာဏ်တို့ နှစ်ယောက်လုံးဟာ pant အရောင်တူနှင့် ဖြစ်တာမို့ couple thing လိုပဲ ဖြစ်နေလေတော့သည်။

ယောကျ်ားလေးအနေနဲ့ဆို ဉာဏ်ဟာ အတော်အတန်ရှည်တဲ့ အရပ်ပိုင်ရှင်ဖြစ်ပြီး ပိန်ပိန်ပါးပါးနှင့် အနောက်တိုင်းက model လိုပုံစံမျိုးဖြစ်တာမို့ Boss လို asian ဆန်တဲ့ မျက်နှာကျရှိတဲ့  အညိုစင် ဘဲ​ကြီးနဲ့အတူတွဲသွားတဲ့အခါမှာတော့ လူတွေ ငေးကြည့်ကြတာမဆန်းတော့ပေ....

*Baby အဆင်ပြေရဲ့လား *

*လူတွေရဲ့ attention ရတယ်ဆိုတာ ဒီလို ခံစားချက်မျိုးပါ လား ။ အမ်း... မဆိုးပါဘူး ပျော်စရာတော့ကောင်းသားပဲ *

*Ok မင်းအဆင်ပြေရင်ပြီးရော။  လာခု ဟိုထဲကိုဝင်မှာ *

Boss ဟာ ဉာဏ့်ရဲ့ လက်ကိုတွဲကာ ခေါ်သွားသည်က ထိပ်တန်း  Luxury clothing brand တွေရှိတဲ့ နေရာဖြစ်နေလေသည်။ 

ဉာဏ်တို့ အထဲကိုဝင်သွားတော့ ဆိုင်ထဲက တာဝန်ရှိတဲ့ manager တစ်ယောက်ကထွက်လာကာ Boss ကို အရိုအသေပေးလေသည်။

*မင်း သူနဲ့လိုက်မဲ့ outfit လေးတွေ ပြပေးလိုက်ပါ *

*ဟုတ်ကဲ့ပါ Boss *

ထိုအခါမှ ဘေးကရပ်နေတဲ့ ဉာဏ်တောင် ကြောင်သွား လေသည်။ ထို manager ဆိုသူက ဘာလို့ Master ကို Boss လို့ တရိုတသေ ခေါ်ရတာလဲ။ ဒီ brand က Boss ပိုင်တာ မဟုတ်တာတော့ သေချာပေသည်။ ဒါမှမဟုတ် နဂိုကတည်းက သူဌေးတိုင်းကို ဒီလို ဆက်ဆံနေကြလား မသိပေ။

*ကဲ baby လျှောက်ငေးမနေနဲ့။  သွားး သူပေးတဲ့ အဝတ်တွေကို ကိုယ့်ကိုဝတ်ပြ *

Start From A CONTRACT Where stories live. Discover now