ဉာဏ် တစ်ယောက် Boss ပစ်ထည့်လိုက်တဲ့ နောက်ခန်းက နေ ကုန်းရုန်းထပြီး driver seat မှာ ကားမောင်းနေတဲ့ Boss ရဲ့ လက်မောင်းလေးကို မရဲတရဲနှင့် တို့လိုက်လေသည်။
*ဟို..ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲဟင်*
ဦးထွဋ်ခေါင် နောက်ကြည့်မှန်ကနေတစ်ဆင့် အနည်းငယ် လန့်နေပုံပေါ်သည့် ကောင်လေးအား တစ်ချက်သာ ကြည့်ပြီး ဘာမျှပြန်မပြောဖြစ်ပေ။
*ဟို...ဉာဏ် အလုပ်သွားရအုံးမယ် Boss *
ဉာဏ် တတ်နိုင်သလောက်အသံလေးကို ငယ်ပြီး ပြောလိုက် လေသည်။ သူ့အနေနှင့် Boss ကို လန့်တာက လန့်တာပင်။ သို့သော် အလုပ်ကလဲ လုပ်ရဦးမည် မဟုတ်ပါလား။
*....*
သို့သော်လည်း Boss ဆီကနေ ဘာစကားမှ ပြန်မလာခဲ့ပါ။
ထို့ကြောင့် ဉာဏ် သူ၏ ကောက်ကွေးနေသော ဆံပင်များကို ကုတ်ကာ အကျပ်ရိုက်ရလေတော့သည်။ ဒီနေ့ အလုပ်ပျက်လို့ မရပေ။ studio မှာကြော်ငြာ ရိုက်ကွင်းရှိတာမို့ လိုအပ်တဲ့ ကိစ္စတွေအားလုံးကို ဌာနမှူးက ဉာဏ်နဲ့ ကက်သရင်းကို အတူခိုင်းထားခြင်းကြောင့် ဖြစ်သည်။*ဟိုလေ Boss၊ ဉာဏ် ဒီနေ့ တကယ်အလုပ်သွားမှ ရမှာမို့လို့ပါ။ ကြော်ငြာအတွက်လဲ ဉာဏ်နဲ့ ဉာဏ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို အတူခိုင်းထားတာ။ ဉာဏ်သာ မသွားရင်လေ မိန်းကလေး တစ်ယောက်ထဲကို ပစ်ထားပြီး ကိုယ်က အချောင်ခိုတယ်ဖြစ်#@%!#$$*
ဦးထွဋ်ခေါင် ထိုကောင်လေးရဲ့ ရှည်လျား များပြား လှတဲ့ အကြောင်းပြချက်တွေကို ထပ်နားမထောင်နိုင်တော့။ ဘယ်နဲ့ သူ့ဘဝမှာ အဲ့လောက် စကားများတဲ့ လူကို မတွေ့ဖူးပေ။
ကိုယ့်ကို သူ့ Boss မှန်းမေ့နေလားမသိ။ သူပြောချင်တာသာ ဇွတ် ကိုပြောနေတော့တာပင်။*မင်း အခုနေပါးစပ်မပိတ်ရင် မင်းတစ်နေ့လုံး ပါးစပ် မဟ နိုင်အောင် ကိုယ်လုပ်ပစ်မယ်*
နောက်ဆုံးတော့ ခြိမ်းခြောက်လိုက်မှသာ အသံက တိကနဲကို တိတ်ကျသွားလေသည်။ ထိုအခါမှသာ သူ ရင်ထဲကနေ သက်ပြင်းတစ်ခုကို ချလိုက်ရတော့သည်။ အရင်က partner တွေများ တစ်ရက် 24 နာရီရှိရင်တောင်သူနဲ့ 26 နာရီလောက် အတူနေချင်နေကြခြင်းဖြစ်ပြီး အခု ဒီကောင်လေး ကြမှ နှစ်နာရီတောင်မရှိသေးဘူး အသံပေါင်းစုံနှင့်၊ ပြသာနာကလဲ ရှာလိုက်သေးသည်။

YOU ARE READING
Start From A CONTRACT
Romanceသဘောတူညီမှုတွေ တွေ rules တွေကြားကတည်ဆောက်ထားတဲ့ relationship တစ်ခု... #BDSM #OC