Part-32

10K 755 52
                                        

*ကိုယ်က မင်းကို ဒီလိုပွဲမှာတွေ့ရမယ် မထင်ထားဘူး အဟင်း*

Simon ဟာ ထိုင်မယ်လို့ သူ့ဟာသူခွင့်တောင်းပြီး ဉာဏ်တောင် ဘာမှမပြောရသေးဘဲ သူ့ဟာသူ ဝင်ထိုင်ကာ ဉာဏ့်ကို အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်ကာ ဆိုနေပြန်လေသည်။

*ဘာလို့လဲဗျ ဉာဏ်က ဒီလိုပွဲတွေ တက်လို့မဖြစ်လို့လား? *

ပြသာနာမဖြစ်ချင်တာမို့ ကိုယ့်ဘက်က တတ်နိုင်သလောက် အလျော့ပေးကာ ဆက်ဆံဖို့ ဆုံးဖြတ်ထားတာမို့ စကားကို ပုံမှန်လေသံလေးနဲ့ပဲ ဉာဏ်ပြန်ပြောလိုက်လေသည်။

*Hey!  မင်းက simon မဟုတ်လား။ မင်းရဲ့ daddy တွေဘာတွေမပါဘူးလား ?*

ခုဏကထိ လုပ်ငန်းရှင်တွေနဲ့ စကားပြောနေတဲ့ မမေရီက သူ့ကောင်မလေး ဆိုဖီယာဆီကို ပြန်လာရာ  simonကို တွေ့တာမို့ ခုလို ဆိုလိုက်ခြင်းဖြစ်လေသည်။

အော်... Boss ရဲ့ အသိုင်းအဝိုင်းမှာကလဲ အကုန်သူနဲ့ ဇာတ်လမ်းကို သိကြတာဖြစ်မည်။

*အာ... နှစ်ယောက်မရှိတဲ့ Mrs. မေရီပါလား အော် ဘေးကတစ်ယောက်က ခုထိ မပြောင်းသေးဘူးနော် ဘယ်လိုလဲ မငြီးငွေ့သေးဘူးလား ဟက်... *

Simon ကမမေရီကို နှုတ်ဆက်က ဘေးက ဆိုဖီယာကို ရွဲ့ကာ ပြောလိုက်သေးသည်။

ထိုကောင်မလေးကတော့ ဘာမှပြန်မပြောပေ။ ဒီတိုင်း ငြိမ်ကုပ်ပြီးသာနေ နေလေသည်။

*စကားတွေသိပ်များပါလား simon! မင်းဒီလို စည်းမဲ့ကမ်းမဲ့ ပြောချင်တိုင်းပြောပြီး အရိုအသေမဲ့​နေပုံထောက်ရင် မင်းမှာ ခုတလော daddy တွေမရှိတဲ့သဘောပဲ။ ဘာလဲ မင်းကို ငြီးငွေ့ကုန်ကြလို့လား... ဟက်... *

*ဘာဗျ! *

မမေရီက ခုဏက သူ့ကောင်မလေးကို simon ခနဲ့တဲ့ အတိုင်း ဒဲ့ကြီးကို ပြန်ပြောလိုက်တာမို့ simon ခမျာ အနာပေါ် တုတ်ကျသလိုပင် အမူအရာတွေ ပျက်ကုန်သည်။

*ဟိ! *

ဉာဏ်လဲ ကြည့်နေရင်း ဘယ်လိုမှမထိန်းနိုင်တာမို့ ထိန်းထားတဲ့ကြားက ရယ်သံပိစိလေး ထွက်သွားလေသည်။

*ဘာရယ်စရာပါလဲကွ! *

သူ့ရဲ့ ဒေါသက ဉာဏ့်ဘက်လှည့်လာသည်ထင် ဉာဏ့်ကို ခပ်စိမ်းစိမ်းကြည့်ကာ ပြောလာလေသည်။

Start From A CONTRACT Where stories live. Discover now