Vacation- final

10.6K 584 24
                                        

ကမ်းခြေရဲ့ နံနက်ခင်း အလှဟာ အမြဲတမ်း ငြီးငွေ့သွားတယ်ကို မရှိလှအောင် စိတ်ကောလူပါ ရွှင်လန်းစေသည်။ ဉာဏ်တစ်ယောက်ကတော့ သူတို့အခန်းရဲ့ ဝရံတာကနေ ထိုကမ်းခြေဖက်ကိုလှမ်းကြည့်ရင်း  ဆင်းကာ ဆော့ချင်နေသည်မှာ လက်လက်ကိုထလို့။

*Boss သွားရအောင်လို့ ဉာဏ် ကမ်းခြေဆင်းချင်နေပြီလို့ *

ဉာဏ် ဝရံတာကနေ အခန်းထဲသို့ ပြန်ဝင်လာကာ အဝတ်အစားလဲနေတဲ့ Boss ကို လောမိသည်။

*Baby ရယ် ကမ်းခြေကြီးက ဘယ်မှမပြေးဘူးလေကွာ ။ ကိုယ်တို့ မနက်စာလည်း မစားရသေးဘူးလေ အေးဆေးပေါ့ *

ဉာဏ် ကြယ်သီးတပ်နေတဲ့Boss ကို နောက်ကနေ ခါးကိုလှမ်းဖက်လိုက်သည်။

ပြွတ်စ် ~

*ဉာဏ်တို့က မနက်ဖြန် ပြန်တော့မှာလေ... ရောက်တဲ့နေ့ထဲက ခုထိ ကမ်းခြေမှမဆင်းရသေးဘဲကို *

ပြွတ်စ် ~

Boss ကလည်း သူ့ကိုအနောက်ကနေ ဖက်ထားတဲ့ ဉာဏ့်ကို မျက်နှာချင်းဆိုင်ကာ အနမ်းလေးပြန်ပေးလာသည်။

*Baby ပျော်ရင် ကိုယ်လည်း အကြာကြီးနေပေးချင်ပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံးက အလုပ်တွေနဲ့လေ အဲ့တော့ ကိုယ်တို့ပြန်မှရမှာပေါ့ *

Boss က ဉာဏ့်ကို သူ့ရင်ခွင်ထဲထည့်ကာ ဖက်ထားပြီး  ချော့‌ပြောလာလေသည်။ 

 *ဉာဏ့်ရဲ့ Bossဆိုတဲ့သူက တကယ့်ကို အလုပ်သရဲလေလေန်ထမ်းတွေကိုလည်း တစ်နှစ်လုံးမှ ရက်ရှည် နားရက် သုံးလေးရက်ပဲပေးတာ ...*

ဉာဏ် Boss ရဲ့ ရင်ဘတ်ကို မနာအောင်တစ်ချက် ထုလိုက်ရင်း ရုပ်တည်နဲ့ စလိုက်လေသည်။

*အဟားဟား... Baby ရယ် မင်းကတော့ ပြောတော့မယ်။ ကိုယ်ကအလုပ်အရမ်းလုပ်ပေမယ့် ကိုယ့်ဝန်ထမ်းတွေရဲ့ ခံစားခွင့်ကိုလည် းသူများနဲ့မတူအောင် ပေးထားတာပဲလေ မင်းလဲ သိသားပဲကို...*

Boss က ဉာဏ့်ရဲ့ ကိုယ်လေးကို အသည်းယားသလို တစ်ချက်ဖျစ်ညှစ်လိုက်ကာ ရယ်မောရင်းပြန်ပြောလာသည်။

ဉာဏ်တို့ရဲ့ နံနက်ခင်းလေးကတော့ အမြဲဒီလိုပါပဲ။ တစ်ခါတလေ နိုးနေပေမယ့် လေ့ကျင့်ခန်းလုပ်ရမှာပျင်းတဲ့ ဉာဏ်ကြောင့်ဠ က ချော့တစ်လှည့်ခြောက်တစ်လှည့်နဲ့ နှိုးရတာကလည်း ပျော်စရာ တစ်ခုပင်။ တစ်ခါတစ်လေ အလုပ်ခန်းထဲ တစ်နေကုန်နေရတဲ့ Boss အတွက် ဉာဏ်ကိုယ်တိုင်ဘေးကနေ ရှုပ်သလို ကူညီသလိုနဲ့ စိတ်အပန်းပြေအောင် စနောက်ရတာလည်း ကြည်နူးစရာဖြစ်နေပြန်သည်။

Start From A CONTRACT Where stories live. Discover now