Vacation-2

10.5K 666 31
                                        

ဦးထွဋ်​ခေါင် မောင်း လာတဲ့ ကားလေးဟာ ဆိုရင်ဖြင့် ပင်လယ်ကြီးကို လှမ်းမြင်နေရသည့် လမ်းတစ်လျှောက် ဖြတ်မောင်း အပြီးမှာတော့ တောင်ကုန်းပြေပြေလေး တစ်ခုပေါ်သို့ တက်သွား​​လေသည်။ ကုန်းလေးပေါ်ရောက်ရောက်ခြင်းပင်  မြင်နေရတဲ့ ခြံတံခါး အမဲရောင်ကြီး ကို ဖြတ်ကာ ဝင်သွားလိုက်တော့ ခမ်းနားလှတဲ့ အိမ်ကြီး နဲ့ မလှမ်းမကန်းမှာ ရပ်တန့်သွားသည်။

ဦးထွဋ်ခေါင် သူမောင်းနှင်လာတဲ့ကားကို အခြားကားတွေ ရပ်နားထားတဲ့ အနားမှာပဲရပ်လိုက်သည်။ ပြီးတာနဲ့ ဘေးက ကောင်ဆိုးလေးကို ကြည့်လိုက်တော့ ဒင်းလေးက ပါးစပ်ပင် ဟ ကာနှစ်နှစ်ချိုက်ချိုက်အိပ်နေလေပြီ။

သုံး လေး နာရီမျှသာ မောင်းရသော ဒီခရီးတွင် ထိုကောင်လေး ဒီလို နှစ်နှစ်ချိုက်ချိုက်အိပ်နေတာ တကယ်ကို အံ့သြမိသည်။

ဒါနဲ့ သူ့လည်း အိပ်ပျော်နေတဲ့ baby ကိုမနှိုးချင်တာနဲ့ ပွေ့ချီသွားဖို့ပဲ စိတ်ကူးရတော့သည်။

ထို့ကြောင့် ထိုင်နေတဲ့ driver seat ဘက်မှ ထွက်ကာ baby ရှိရာ ဘက်ခြမ်းသို့ သွားပြီး တံခါးကို ဖွင့်လိုက်လေသည်။ ပြီးတာနဲ့ Baby ရဲ့ ဂုတ်ကနေ လက်တစ်ဖက်ထည့်ကာ ကိုင်ပြီး ကျန်လက်တစ်ဖက်နဲ့ ဒူးကနေ ပွေ့ကာ ကားထဲကနေ ဂရုတစိုက် ပွေ့ချီရပြန်သည်။

*အွန်း.... *

သူကိုင်တွယ်တာ ကြမ်းသွားလားမသိ ။ အိပ်ပုပ်တဲ့ကောင်လေးဟာ အသံအနည်းငယ် ထွက်ပြီး နိုးလာလေသည်။

ပြွတ်စ် ~

*အိပ်လို့ကောင်းရဲ့လား baby *

ဦးထွဋ်ခေါင် ဉာဏ့်ရဲ့ အိပ်ချင်မူးတူး ဖြစ်နေတဲ့ ရုပ်ကို အချစ်ပိုစွာ နှုတ်ခမ်းလေးကို ဖျက်ကနဲ အနမ်းပေးလိုက်သည်။

*အမ်? ဉာဏ့်ကို ပွေ့ချီထားတာလားဟင်... ရပါတယ် ခု ဉာဏ်လမ်းလျှောက်လို့ရပါပြီ *

ဉာဏ် သိပ်မနေတတ်စွာ Boss ကို ပြောလိုက်သည်။ သူ့ရဲ့ အရပ်ကလည်း အနည်းငယ် ရှည်တာမို့ Boss ပွေ့ထားသောအခါ ကို့ရို့ကားယားကြီး ဖြစ်နေမှာလဲ ဆိုးရသေးသည်။

*အိမ်ထဲပဲရောက်နေပြီ Baby ရဲ့ ။ မဆင်းနဲ့တော့ *

Boss  က ဉာဏ့်ကို ပွေ့ချီရင်း ပေ့ါပေါ့ပါးပါးပင် စကားပြောနေရင်း အိမ်ကြီးထဲကို ဝင်လာခဲ့သည်။

Start From A CONTRACT Where stories live. Discover now