အေးလိုက်တာ...
ဉာဏ်တစ်ယောက် အိပ်နေရင်း အေးစိမ့်နေသလို ခံစားလာရတာမို့ စောင်ကိုလက်နဲ့ ဆွဲကာ တစ်ကိုယ်လုံး လုံအောင် ခြုံလိုက်လေသည်။ သို့သော် မျက်လုံးကတော့မပွင့်သေး။
သိပ်မကြာလိုက် သူ့ခန္ဓာကိုယ်လေးဟာ တစ်စုံတစ်ခု၏ အငွေ့အသက်ကြောင့် အနွေးဓာတ်တွေ ရလာတာမို့ ဉာဏ် အိပ်နေရင်းမှ အသာပြုံးမိလေသည်။ ဟိ! နွေးလိုက်တာ ကြိုက်တယ် ။
ဦးထွဋ်ခေါင် သူ့ရင်ခွင်ထဲကို အတင်းတိုးလာကာ ခွေးပေါက်လေးတွေလို ကျေနပ်သံလေးတွေ ထွက်နေတဲ့ ကောင်လေးကို ပိုတိုးလို့ ဖက်လိုက်သည်။
ည အိမ်ပြန်ရောက်ထဲက တောက်လျောက် သူ့ကို အတင်းတွေ လိုက်နမ်းနေတာ သူ့မှာ အမူးသမားလေးကို လိုက်ထိန်းရင်း ညနက်မှ အိပ်ရလေသည်။
ဒါတင် မကသေး၊ အမူးသမားလေးက အန်ပါအန်ချလိုက်တာမို့ သူ့မှာ အကုန် သန့်ရှင်းရေး လိုက်လုပ်ပေးလိုက်ရသည်။ ခုလည်း ကြည့်၊ ညဝတ် အင်္ကျီ ကိုအတင်းဆွဲချထားကာ ရင်ဘတ်တွေ ဖွင့်ပြီး အိပ်နေတာ အေးတော့မှ စောင်ကို လိုက်ဆွဲကာ ခြုံပြီး သူ့ရင်ခွင်ထဲမှာ အကျအနပြန်အိပ်နေလေသည်။
ကုတင်ဘေး ခုံပေါ်က နာရီကိုကြည့်လိုက်တော့ မနက် ၅ နာရီပဲရှိသေးတာမို့ သူလည်း baby ကိုခဏဖက်ကာ ပြန်အိပ်လိုက်အုံးမည်ဟု စိတ်ကူးလိုက်သည်။
အွန်း ....အွင့်...
ထုံးစံအတိုင်း ဉာဏ်ဟာ အသံမျိုးစုံထွက်ပြီး အိပ်ရာမှ အားယူကာ ထလာလေသည်။
*အ. Sh*t! ခေါင်းကိုက်လိုက်တာကွာ! *
ဉာဏ် ထိုးကိုက်နေတဲ့ ခေါင်းကို ခဏတာ ဖိထားပြီး ဇာတ်ကို ဟိုဘက်ဒီဘက်လှည့်ကာ ချိုးလိုက်သေးသည်။ မျက်လုံးက တော့ မပွင့်တစ်ပွင့်နှင့်ပင်။
နောက်မှ ရေချိုးခန်းဆီ သွားဖို့ အထ သူရောက်နေတဲ့ နေရာကို သတိထားမိသွားသည်။ ဒီနေရာ၊ ဒီအငွေ့အသက်၊ ဒီအခန်းနဲ့ ပက်သက်တာ အကုန်လုံးဟာ သူနဲ့ ရင်းနှီးနေပြီးသား ဖြစ်သည်။
ဒါဆို ညက သူ့ကို ခေါ်လာတာ Boss ပေါ့?။ပြီးတော့ကော... ဉာဏ် သူ့ရဲ့ မှတ်ဉာဏ်ကို အလုပ်ပေးမိသည်။ ထိုအခါ တဖြည်းဖြည်း တရိပ်ရိပ်ပေါ်လာတဲ့ ပုံရိပ်တွေဟာ ပီပြင်စွာ ။
YOU ARE READING
Start From A CONTRACT
Romanceသဘောတူညီမှုတွေ တွေ rules တွေကြားကတည်ဆောက်ထားတဲ့ relationship တစ်ခု... #BDSM #OC
